အောင်မြင်မှု အပေါ်မှာ ယစ်မူး သာယာခဲ့ဖူး ပါတယ် ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

Saturday, June 2, 20120 မှတ်ချက်များ

အောင်သီရိ ရုပ်ရှင် ဗီဒီယို ထုတ်လုပ် ဖြန့်ချိရေး က ရိုက်ကူး တင်ဆက်တဲ့ စိုင်းစိုင်း ခမ်းလှိုင်နဲ့ ခိုင်သင်းကြည်တို့ သရုပ်ဆောင်ခဲ့တဲ့  မော်ဒယ်ဗွေးတုတ် ဆိုတဲ့ ဇာတ်ကားက ပရိသတ် နှစ်ခြိုက် သဘောကျခဲ့တဲ့ ဇာတ်လမ်းကောင်း တစ်ကားပဲ ဖြစ်ပါတယ်။
ခုလည်း သူတို့ နှစ်ယောက်ကို တွဲဖက်ပြီး ရက်ပ်ပါရွှေရိုး ဇာတ်ကား ကို ဇွန်လ (၁) ရက်နေ့မှ စပြီး Top Royal  (ပါရမီစိန်ဂေဟာ)၊ မဟာမြိုင်(အင်းစိန်) တို့မှာ ပြသတော့မှာ ဖြစ်ပါတယ်။ အဆိုပါဇာတ်ကားမှာ မင်းဦး၊ ချမ်းမီမီကို၊ ပွင့်၊ ဟေတု၊ မနန္ဒ@ ဟန်လင်းသန့်၊ ပိုင်ခန့်နဲ့ အနုပညာရှင်များစွာတို့က ပါဝင် အားဖြည့် ထားပါတယ်။

သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နဲ့ တွေ့ခိုက် ခုလို မေးမြန်းကြည့်လိုက်ရာ . . . .


ပင်ဦးလွင်က ဘယ်နေ့က ပြန်ရောက်ပါလဲ။

ကျွန်တော် မေလ (၂၃) ရက်နေ့က ပြင်ဦးလွင်က ပြန်ရောက်ပါတယ်။ သင်ဇာ ဝင့်ကျော်၊ သက်မွန်မြင့်တို့နဲ့ ဗီဒီယိုတွေ ရိုက်ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်း တွေက Fancy နဲ့ မန္တလေးသား ဆိုတဲ့ မန္တလေးနောက်ခံ ဇာတ်လမ်းလေးတစ်ကား ရိုက်ခဲ့ပါတယ်။ Heavy  ဒရာမာတစ်ကား ရိုက်ခဲ့ပါသေးတယ်။

ဒီနှစ်ထဲမှာ ရုံကြီးတင်ဖို့ ဇာတ်ကားရှိသေးလား။

ဒီနှစ်ထဲမှာတော့ မဖြစ်နိုင်ဘူး ထင်တယ်ဗျ။ ရိုက်ဖြစ်ဖို့ အစီအစဉ်တွေတော့ ရှိပါတယ်။ ဇာတ်လမ်းတွေကတော့ မပြောတတ်ဘူးဗျ။ ရိုက်ပြမယ်လေ။

Rapper ရွှေရိုးထဲမှာ တစ်ကားလုံးမှာ နောက်ခံ ဇာတ်ဝင်တေးတွေက စိုင်းစိုင်းရဲ့ ဇာတ်ဝင်တေးတွေချည်းပဲ သုံးထားတာဆိုတော့ ကိုယ့်ကိုယ် ကိုယ် ပရိုမိုးရှင်းလုပ်နေတာနဲ့ မတူဘူးလား။

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒိုင်ယာလော့ခ်၊ သီချင်း၊ တင်ဆက်မှုအားလုံးကို ဒါရိုက်တာ ဇာတ်ညွှန်းအဖွဲ့ကပဲ တာဝန်ယူပြီး ကျွန်တော်က သရုပ်ဆောင်သက်သက်ပဲ တာဝန်ယူထားပါတယ်။ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ကိုယ်ကျရာ ဇာတ်ရုပ်ကနေ အကောင်းဆုံး သရုပ်ဆောင်ထားတာ ဖြစ်ပြီးတော့ ဒါရိုက်တာရဲ့ တင်ဆက်မှုအောက်မှာပဲ ပါဝင်ကပြ အသုံးတော်ခံခဲ့တာပါ။

Rapper ရွှေရိုးက မော်ဒယ် ဗွေးတုတ်ကို မီပါ့မလား။

မပြောတတ်ပါဘူး ခင်ဗျ။ အောင်မြင်မှုရဖို့ ဆိုတာက ကျန်တဲ့ ကြိုးစားအားထုတ်မှု အပြင် အခြေအနေ၊ အချိန်အခါနဲ့ ကံကြမ္မာဆိုတာတွေလည်း ရှိသေး တာကြောင့် ကျွန်တော်က အောင်မြင်မှုဆိုတာကို မိုးလေဝသလို ကြိုတင်ခန့်မှန်းဖို့ မလွယ်ဘူးလို့ ထင်တယ်။ ကျွန်တော့်ဘက်ကတော့ အောင်မြင်ပါစေ လို့ ဘုရားမှာ ဦးချဆုတောင်းနေပါတယ်။

စိုင်းစိုင်းရဲ့ ကြိုးစားနေတဲ့ အနုပညာဘဝ အစမှာရော ငြင်းပယ်မှု တွေကြုံခဲ့လား။

ကျွန်တော့်ကိုတော့ ဘယ်သူမှ မငြင်းဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ကိုယ့်ပိုက်ဆံကိုယ်စုပြီး ထုတ်ရတာကိုး။ ပြီးတော့ အဲဒီအခွေက မအောင်မြင် ဘူးဗျ။ တစ်မျိုးစီပေါ့လေ။

Rapper ရွှေရိုးက အောင်မြင်မှုကို ယစ်မူးပြီး ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့ဖူးတယ်။ စိုင်းစိုင်းခမ်းလှိုင်ကရော...

ကျွန်တော် အောင်မြင်မှုအပေါ်မှာ ယစ်မူးသာယာခဲ့ဖူးပါတယ်။ ဆုံးဖြတ်ချက်တော့ မမှားခဲ့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယူဆပါတယ်။ဆိုတဲစိုင်းစိုင်းခမ်းလှိုင်...........


8 Days
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger