မြစ်ကြီးနားမြို့တွင် မိုးသည်းထန်စွာရွာသွန်း၊ အိမ်ခြေ(၁၀၀)ရေနစ်မြုပ်

Thursday, June 14, 20120 မှတ်ချက်များ

လုဆိုင်း (မြစ်ကြီးနား)
by Myit Makha Mediagroup on 14 Jun, 2012

မြစ်ကြီးနားမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇွန်လ(၁၃)ရက်နေ့မှစ၍ အိမ်ခြေ ၁၀၀ နီးပါးခန့် ရေနစ်မြုပ်လျက်ရှိကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့ရှိ ဧဒင်၊ စံပြ၊ ထွယ်ဆန်၊ မြို့သစ်ကြီးကွက်သစ်နှင့် ဒူကထောင်လယ်ကွက်အိမ်ခြံများတွင် မိုးရေများ အိမ်တစ်ဝက်ကျော် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

“အိမ်ပေါ်က အောက်ဆင်းလိုက်တာနဲ့ရေက ခါးကျော်နေပြီ၊ ထမင်းတောင်မှ ကုန်းပေါ်အပြင်မှာဘဲ ချက်စား နေရတယ်။” ဟု အိမ်ရေနစ်နေသော မိသားစုတစ်ခုက ပြောသည်။

ဇွန်လ(၁၃) ရက်ညအချိန်တွင် မိုးဆက်တိုက်ရွာခြင်းကြောင့် ရေတက်လာခဲ့ခြင်းဖြစ်သည်။

“ရေက ည(၁၀)နာရီလောက်မှာ အိမ်ထဲဝင်လာတယ်၊ တစ်ညလုံးပစ္စည်းတွေ သိမ်းရပြီး မအိပ်ခဲ့ရဘူး။” ဟု ရေနစ်အိမ်ထောင်စုတစ်စုမှ အမျိုးသမီးတစ်ဦးက ပြောသည်။

လတ်တလောတွင် ရေကျသွားခြင်းမရှိသဖြင့် အိမ်အပြင်သို့ ၀ါးဖောင်များပြုလုပ်ကာ သွားလာနေရကြောင်း ကိုလည်း တွေ့ရှိ ရသည်။ ရေကြီးနေခြင်းကြောင့် အစိုးရမူကြိုကျောင်းမှာ ယနေ့မှ ခေတ္တ ပိတ်ထားလိုက်ကြောင်း သိရသည်။

မြစ်ကြီးနားမိုးရေချိန် ဇွန်လ (၁၃)ရက်နေ့တွင် ၀.၈၀mm(3.15inches)ရှိပြီး ဇွန်လ (၁၄)ရက်နေ့တွင်မူ 245mm (9.64inches) ထိရောက်ရှိသွားကြောင်းကို မြစ်ကြီးနားလေကြောင်းမိုးလေ၀သခန့်မှန်းရေးရုံးက သိရသည်။ ထို့အတူ ၀ိုင်းမော်မြို့တွင် ဇွန်လ (၁၄)ရက် မိုးရေချိန် 13.02inches ထိရှိနိုင်ကြောင်း သိရှိရသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger