 |
စစ်တွေမြို့နယ် အိမ်ခြေ နှင့် အိမ်ထောင်စုလူဦးရေစာရင်း
( 2012-06-14 နေ့ စစ်တွေမြို့ လ.၀.က ရုံးမှ စာရင်း ) |
ဇွန်လ (၁၅)ရက် ယနေ့ ည ၁ နာရီ ၆ မိနစ်ခန့်တွင် စစ်တွေမြို့
ရခိုင်လူမျိုးများ နေထိုင်သည့် မြို့သူကြီးရပ်ကွက်ကို ဘင်္ဂါလီလူမျိုးများက
စက်လှေဖြင့်လာရောက်မီးရှို့သွားသည့်အတွက် အိမ်ခြေအများအပြား
လောင်းကျွမ်းလျှက်ရှိသည်ဟု စစ်တွေမြို့ခံများက
ဖုန်းဆက်ပြောကြားချက်အရသိရှိရသည်။ပြီးခဲ့သည့်ညက
လုံခြုံရေးစောင့်ကြည့်လျှက်ရှိသည့် ရပ်ကွက်သား
အများအပြားဖမ်းဆီးခံရပြီးနောက် ယခုကဲ့သို့
ဝင်ရောက်မီးရှို့ခံရခြင်းဖြစ်ကြောင့် ဒေသခံများကပြောဆိုသည်။
"မီးလောင်နေတာက တစ်နာရီလောက်ရှိသွားပြီး ။ အခုထိတော့ မီးမငြိမ်းသေးဘူး။ မိုးကလည်း တအားရွာနေတယ်"ဟု စစ်တွေမြို့ ကမ်းနား
မြို့သူကြီးရပ်ကွက်မီးလောင်နေသည့် နေရာသို့ ရောက်ရှိနေသော 7 Day News
Journal မှ ဓာတ်ပုံသတင်းထောက်ကို တယ်လီဖုန်းဆက်သွယ်မေးမြန်ချက်အရ
သိရှိရသည်။
The Voice Weekly
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။