ဆေးတက္က သိုလ် ကျောင်းသား လက်ခံမှု ထက်ဝက် လျှော့မည်

Wednesday, June 27, 20120 မှတ်ချက်များ


ကျောင်းသား များ၏ ပညာ အရည် အသွေးကို ဦးစားပေးရန် လာမည့်
ပညာ သင်နှစ်(၂၀၁၂-၂၀၁၃)တွင် ဆေးတက္က သိုလ်ဝင်ခွင့် အတွက် ကျောင်း
သားလက် ခံမှုကို ထက်ဝက်ထိလျှော့ချသွားမည်ဖြစ်ကြောင်း ဆေးသိပ္ပံ ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယခင်နှစ် ၂၀၁၁-၁၂ ပညာသင်နှစ်က ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် ကျောင်းသားဦးရေ ၂၄၀၀ ထိ လက်ခံခဲ့ရာမှ ယခုနှစ်ဆေးတက္ကသိုလ်တွင် ပညာသင်ကြားရန် ကျောင်းသားဦးရေ ၁၂၀၀ ကိုသာ လက်ခံ တော့မည်ဖြစ်သည်။
''ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် ထက်ဝက်ထိ လျှော့ချသွားမှာပါ။ ဘာလို့လဲဆိုတော့ ဆရာမတို့က အရေအတွက်ထက် အရည်အသွေးကိုကြည့်ပြီးတော့ပါ။ တက္ကသိုလ်ဝင်တန်းလမ်းညွှန်မှာလည်း ဖော်ပြ
ထားပါပြီ''ဟု အ ထက်ပါတာဝန်ရှိသူကပြောသည်။ တက္ကသိုလ်ဝင်တန်းစာမေး ပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့
ကြပြီးဆေးပညာသင်ယူလိုသော ကျောင်းသားများကို ရန်ကုန်ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်ဆေး တက္ကသိုလ်
(၂)၊ မန္တလေးဆေး တက္ကသိုလ်နှင့် မကွေးဆေးတက္ကသိုလ်တို့တွင် ကျောင်းဝင်ခွင့်အတွက် အမျိုးသမီးဦးရေ ၄၀ ရာ ခိုင်နှုန်းသတ်မှတ်၍ လက်ခံထားသည်။

ဆေးတက္ကသိုလ်ဝင်ခွင့်အ တွက် ကျောင်းသားလက်ခံမှု လျှော့ချလိုက်ခြင်းကြောင့်ဆေးကျောင်းတက်
လိုသော ကျောင်းသားများအတွက် ကျောင်းဝင်ခွင့် ပိုမိုခက်ခဲသွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း ရမှတ်လို အပ်ချက်လည်း မြင့်တက်သွားမည်ဖြစ်သည်။
 by 7Day News Journal

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger