skip to main |
skip to sidebar
ရသေ့တောင်တွင်ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထား
ရသေ့တောင်မြို့နယ်၌ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ရခိုင်ပြည်နယ်အတွင်း
ဖြစ်ပွားခဲ့သော ဆူပူအုံကြွ အကြမ်းဖက်မှုများကြောင့် ရသေ့တောင်၊
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ ရခိုင်တိုင်းရင်းသားများသည်
စိုးရိမ်ထိတ်လန့်ပြီး ရသေ့တောင်မြို့သို့ စက်လှေများဖြင့် ရောက်ရှိလျက်
ရှိရာ အဆိုပါမြို့နယ်တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားကြောင်း
နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင်
လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက ရေးသားဖော်ပြထားသည်။ အဆိုပါ
ရခိုင်တိုင်းရင်းသားများကို တာဝန်ရှိသူများက ရသေ့တောင် မြို့နယ်အတွင်း
မေယုခန်းမ တွင် ၅၀၆ ဦး၊ အလိုတော်ပြည့်ကျောင်းတိုက်တွင် ၂၆၇ ဦး စုစုပေါင်း
ကျား/မ၊ ကလေး/လူကြီး (၇၇၃)ဦး နေရာချထားပေးကာ စားနပ်ရိက္ခများ၊
ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။