စစ်တွေမြို့ခံများ လုံခြုံရေးအင်အားတောင်းဆို

Saturday, June 9, 20120 မှတ်ချက်များ

ရန်ကုန်၊ဇွန်-၉

ရခိုင်ပြည်နယ်၊စစ်တွေမြို့ပေါ်ရပ်ကွက်များရှိ နေရာအနှံ့တွင် လူအများ ဟိုတစ်စုသည်တစ်စု အုတ်အုတ်ကျတ်ကျတ်ဖြစ်လျှက်ရှိ နေသဖြင့် လုံခြုံရေးအပြည့်အ၀ချထားရန်လိုအပ်ကြောင်း စစ်တွေမြို့ခံတစ်ဦးက ယနေ့ ညနေ ၅နာရီခန့်တွင်ပြောကားသည်။

“လူတွေက ဟိုနားစုစု၊ဒီနားစုစုနဲ့ အုတ်အုတ်ကျက်ကျက်ဖြစ်နေတယ်။ ကုလားတွေအုပ်စုလိုက် ဟိုနားပေါ်လာသလိုလို၊ဒီနားပဲ ပေါ်လာသလိုလိုပြောသံတွေကြားနေရတယ်။ လုံခြုံရေးတွေကို လမ်းထောင့်တွေမှာ မြင်သာထင်သာချထားသင့်နေပြီ။ ဒါမှလူတွေစိတ်လုံခြုံမှုနည်းနည်းရှိမယ်။ ဒီကြားထဲ ပစ္စည်းလုချင်တဲ့ တောကြောင်တွေကလည်းရှိတယ်။ ကျွန်တော်တော့ ဆိုင်ပိတ်ထားပြီ”ဟု စစ်တွေမြို့၊ ကျောင်းကြီးလမ်းတွင်နေထိုင်သူတစ်ဦးကပြောသည်။

စစ်တွေမြို့တွင် ဈေးဆိုင်များပိတ်ထားပြီး၊ မိဘများကလည်း ကလေးများအား စာသင်ကျောင်းများသို့ မပို့တော့ကြောင်း စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်တွင်နေထိုင်သူ ရခိုင်အမျိုးသမီးကြီးတစ်ဦးကပြောသည်။

“တော်တော်ဆူနေတယ်။ကြောက်တယ်။ ယောက်ျားတွေကတော့ အိမ်မှာတုတ်တွေ၊ဓားတွေစုဆောင်းပြီးစောင့်နေရတယ်။ လုံခြုံရေးကကိုယ့်ဘာသာချထားရတယ်။မောင်တောမှာသတ်နေတယ်ဆိုတဲ့သတင်းတွေကြောင့် လူတွေလည်း မျက်ရည်တွေ ၀ိုင်းလို့။ လမ်းပေါ်မှာတော့ လူတွေက အုပ်စုအုပ်စုသွားလာနေတာတွေရှိတယ်”ဟု ဆင်ကူးလမ်းရပ်ကွက်၊ စက်ရုံလမ်းမှ ဒေသခံရခိုင်အမျိုး သမီးကြီးတစ်ဦးက 7Day News သို့ပြောသည်။

ထို့ပြင် ယနေ့နံနက်တွင်လည်း စစ်တွေမြို့ရှိဈေးများကိုပိတ်လိုက်ပြီး၊ ဘင်္ဂါလီလူမျိုးများ၏ဆိုင်များကို ရခိုင်အမျိုးသားများက ဖွင့်ခွင့်မပြုကြောင်းလည်း ၄င်းကဆက်ပြောသည်။

စစ်တွေမြို့တွင် သက်ဆိုင်ရာမှ လုံခြုံရေးချထားသည့် ရဲဝန်ထမ်းအချို့ရှိသော်လည်း အလွန်နည်းပါးနေကြောင်း ကျောင်းကြီးလမ်းတွင် နေထိုင်သူတစ်ဦးကပြောသည်။

by 7Day News Journal
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger