မြ၀တီမြို့ လယ်ကောင်တွင် သေနပ်ဖောက် လုယက်မှု တစ်ခုဖြစ်ပွား

Sunday, June 24, 20120 မှတ်ချက်များ


မြ၀တီမြို့ လယ်ကောင်မှာ တိုက်ပွဲဖြစ်ပွါးခဲ့စဉ် မြင်ကွင်းတခုပါ
ဇွန်(၂၄)မွန်းလွဲပိုင်းအချိန်တွင် မြ၀တီမြို့လယ်ကောင်ရှိ အင်ပါယာ ရွှေဆိုင်အား အမည်မသိလူတစ်စုမှ သေနပ်နှင့်ပစ်ဖောက်၍ လုယက်မှုတစ်ခုပြုလုပ်ခဲ့ကြောင်း မြ၀တီမြို့ခံတစ်ဦးထံမှသိရသည်။

"သေနပ်သံ သုံးလေးချက်လောက်ပစ်ဖောက်ပြီး သိပ်မကြာဘူး ဆိုင်ထဲကပြန်ထွက်လာကြတယ်။ ဘယ်သူမှ ဘာမှမလုပ်ရဲကြဘူး။ ချောင်းကြည့်နေကြရတယ်"ဟု ထိုပုဂ္ဂိုလ်ကပြောသည်။


ဟိုင်းလပ်ကားတစ်စီးနှင့် နောက်ထပ်ကားငယ်တစ်စီး ရွှေဆိုင်ရှေ့သို့ အရှိန်ပြင်းပြင်းနှင့် ရပ်လိုက်ပြီးနောက်၊ ဆိုင်တွင်းသို့ သေနပ်များကိုင်ကာ ၀င်သွားကြပြီးနောက် သေနပ်ဖောက်သံများကြားရကာ၊ မှန်ခွဲသံများကြားရပြီးနောက် ယင်းအုပ်စုဆိုင်ထဲမှပြန်ထွက်လာကြပြီး ကားများကိုမောင်းပြေးသွားကြခြင်းဖြစ်ကြောင်းသိရသည်။

အင်ပါယာရွှေဆိုင်သည် မြ၀တီဈေးကြီးရှေ့ ဘုရင့်နောင်လမ်းမပေါ်တွင်ရှိပြီး၊ လူအစည်ကားဆုံးအချိန်တွင် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လောလောဆယ်တွင်မူ မြ၀တီချစ်ကြည်ရေးတံတားပေါ်တွင် ရဲတပ်ဖွဲ့ဝင်များစောင့်ကြပ်စစ်ဆေးလျှက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

Popular Myanmar News
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger