ဒေါ်လာ တန်ဖိုးတက်၊ ၀ယ်သူ များ၍ ငွေလဲ လှယ်ရေး ကောင်တာ များ စောပိတ်

Wednesday, June 27, 20120 မှတ်ချက်များ


ငွေလဲကောင်တာ များက ရောင်းချပေး နေသော ငွေလဲနှုန်း ဈေးနှင့် ပြင်ပပေါက်
 ဈေးတွင် ဖြစ်ပေါ် နေ သော ငွေလဲနှုန်း ဈေးမှာ ဇွန်လ ၂၆ ရက်က တစ်ဒေါ် လာလျှင်
ရှစ်ကျပ် ခန့်ထိ ဈေးကွာ လာသည်။

ဇွန်လ ၂၆ ရက်က ငွေလဲ ကောင်တာများတွင် သတ်မှတ် သောဈေးမှာ တစ်ဒေါ်လာလျှင် ၈၆၇ကျပ်(ရောင်းဈေး)သာရှိပြီးပြင်ပဈေးကွက်ဝယ်ဈေးမှာ တစ်ဒေါ် လာလျှင် ၈၈၅ ကျပ်ဈေးဖြစ်ခဲ့သည်။ ထို့ကြောင့် ငွေလဲကောင် တာများတွင် လာရောက်ဝယ်ယူသူများခဲ့သဖြင့် ပုံမှန်နေ့များထက် စော၍ ကောင်တာများ အရောင်း ရပ်ခဲ့ရကြောင်းသတင်းရရှိသည်။

ငွေလဲကောင်တာများတွင် ဒေါ်လာရောင်းဈေးနှုန်းများမှာ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်နေ့လျှင် နှစ်ကျပ်နှုန်းခန့် ဈေး တက်လာခဲ့ပြီး ဇွန်လ ၂၆ရက်တွင် မူ သုံးကျပ်ဈေးတက်လာခဲ့သည်။

''ဈေးကွက်ထဲမှာ ဈေးခွာ တာကငွေလဲကောင်တာတွေကအပြင်ဈေးကွက်မှာ ဈေးကျသွားရင် ရှုံးမှာစိုးလို့ထိန်းထားတာ''ဟုငွေကြေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ငွေလဲ နှုန်းသတ်မှတ်ရေးနှင့်ပတ်သက် သော အလုပ်ရုံဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များနှင့် ကျွမ်းကျင်သူ များက တစ်ထောင်နှင့်အထက် ဖြစ်ရန် အဆိုပြုခဲ့ကြသဖြင့် တဖြည်းဖြည်း ဆွဲတင်တာမျိုးဖြစ် နိုင်ကြောင်း ၀ါးခယ်မရောင်းဝယ် ရေးကုမ္ပဏီမှ အုပ်ချုပ်ရေးဒါရိုက် တာဒေါက်တာစိုးထွန်းကသုံးသပ် သည်။

''တက်ဖို့အတွက် ၀ိုင်း တောင်းဆိုတာဆိုတော့ ဖြည်း ဖြည်းချင်း တက်တာကောင်းပါတယ်။ တစ်သောင်းတန်ထုတ်တာ လည်းပါတာပေါ့''ဟု ဒေါက်တာ စိုးထွန်းကသုံးသပ်သည်။

ကားများအား ပါမစ်မလိုဘဲ တင်သွင်းခွင့်ပြုပြီးနောက်ပိုင်းမှ စ၍ ငွေလဲနှုန်းတဖြည်းဖြည်းမြင့် တက်လာခဲ့ပြီး ကျပ်တစ်သောင်း တန်ငွေစက္ကူထုတ်ဝေပြီးနောက်ပိုင်း ပိုမိုဈေးတက်လာခဲ့သည်။

7Day News Journal

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger