KIA မှ မန္တလေး-မူဆယ် ကုန်သွယ်ရေး လမ်းမကြီးကို ညပိုင်းပိတ်

Thursday, May 31, 20120 မှတ်ချက်များ




မြန်မာနိုင်ငံရှိ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းမ မန္တလေး-မူဆယ် ကားလမ်းမကို ဇွန်(၁)ရက်မှ စပြီး ညပိုင်းတွင် သွားလာခြင်း ပိတ်ပင် သည့် ကြိုတင် အသိပေး စာကို KIO မှ ဖြန့်ဝေ ထားကြောင်း သိရ သည်။

မြန်မာအစိုးရစစ်တပ်သည် အရပ်ဝတ် ၀တ်ဆင်ကာ၊ အရပ်သားများ၏ ကားကိုအသုံးပြု၍၊ ညပိုင်းတွင် စစ်တပ် သွားလာလှုပ်ရှားမှုများ ပိုတိုး လာသဖြင်၊့ လားရှိုးနှင့် မူဆယ် ကြားတွင် ပိတ်ပင် ထားခြင်း ဖြစ်သည် ဟု တပ်မဟာ (၄) KIA အရာရှိတစ်ဦးပြောသည်။

ဤ ပိတ်ပင်ခြင်းသည် ညပိုင်တွင်သာဖြစ်ပြီး၊ နေ့ခင်းပိုင်းတွင်မူ ပုံမှန်သွားလာနိုင်ကြောင်း သိရသည်။ ဝေစာများကို လမ်းများတွင် ကပ်ထား ခြင်း၊ ဖြန့်ကြဲ ထားခြင်းဖြင့် ဖြန့်ဝေ ကြောင်း ၎င်း အရာ ရှိက ပြော သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်က ဗပိာုကော်မတီမှ အမိန့်ထုတ်ထားခြင်းမရှိ ကြောင်းနှင့် ရှေ့တန်းမှ လုံခြုံရေး အခြေအနေကြောင့် သတိပေးတားမြစ်ခြင်းဖြစ်နိုင်သည်ဟု ဒီဗီဘီသတင်းဌာနှ ၂၈ ရက်နေ့ ရေဒီယိုသတင်းတွင်ပြောဆိုသွားခဲ့သည်။

မေ၂၂ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် မေလ ၁၉ ရက်နေ့ညက မန္တလေးမှ မူဆယ်သို့ တက်လာသည့် ကုန်တင်ကား ၂ စီး ကို ဆတ်ကြေးတောင်း၍ ဗုံးခွဲဖျက်ဆီးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် (KIA) လက်နက်ကိုင်အဖွဲ့ ၏ လက်ချက် ဖြစ်ကြောင်း ဖော် ပြ ထားသည်။

သို့သော် (KIA) တပ်မဟာ (၄) အရာရှိတစ်ဦးက၊ ထိုကားနှစ်စင်းသည် မြန်မာစစ်တပ်၏ လက်နက်များ၊ စစ် ယူနီဖောင်း များကို တင်ဆောင် ခြင်း မပြုရန် သတိ ပေးသည် ကိုနားမထောင့် သဖြင့် ဖောက်ခွဲ ဖျက်ဆီး ခဲ့ကြောင်း KNG သတင်း ဌာန ကိုရှင်း ပြသည်။

မန်တုန်-နမ္မတူ ကားလမ်းမကြီးကိုလည်း တပ်မဟာ (၄) လက်အောက် တပ်ရင် (၈) နှင့် (၃၄) တို့မှ ပိတ်ပင်ထားသဖြင့် ၄င်းလမ်းမကြီးတွင် ခရီးသွားလာမှုများမရှိတော့ကြောင်း သိရသည်။


မူရင်းနေရာ ။   ။http://abbsoluteright.blogspot.com/2012/05/kia_31.html?utm_source=feedburner&utm_medium=email&utm_campaign=Feed%3A+blogspot%2FhYjQD+%28NEWS+COLLECTION%29
           ပြန်လည်မျှဝေသူ  ။    ။ အောင်အောင်(မကစ)
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger