တရုတ်နိုင်ငံတွင် နေကြတ်မှု ဖြစ်စဉ် ၁၄ ခုထပ်မံကြုံတွေ့ရမည်

Friday, May 25, 20120 မှတ်ချက်များ

တရုတ်နိုင်ငံမှာ သက္ကရာဇ် ၂၁၀၀ မတိုင်ခင် အခုရာစုနှစ် မကုန်ခင်မှာ နေကြတ်တဲ့ဖြစ်စဉ် ပေါင်း ၁၄ ခုခန့်ကို တွေ့မြင်ကြုံတွေ့ ရမှာဖြစ်ကြောင်း

တရုတ်နက္ခတ္တဗေဒ ပညာရှင်တွေက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါေ နကြတ်မှု ဖြစ်စဉ်တွေမှာ နေအပြည့် ကြတ်တာတွေရော ၊ စက်ဝိုင်းပုံနေကြတ်တဲ့ ဖြစ်စဉ်တွေကိုပါ တွေ့မြင်ကြရမှာ ဖြစ်တယ်လို့သိရပါတယ်။

စက်ဝိုင်းပုံ နေကြတ်ခြင်းဟာ နေနဲ့ကမ္ဘာ အကြားကို လဖြတ်သန်းသွားတဲ့ အတွက်ကြောင့် နေအလင်းရောင်ကို ပတ်ပတ်လည် အလင်းရောင် စက်ဝန်းကိုသာ မြင်တွေ့ရတော့တာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသတွေမှာ စက်ဝိုင်းပုံ နေကြတ်တဲ့ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီလို နောက်တကြိမ် စက်ဝိုင်းပုံ နေကြတ်မှုကို ၂၀၂၀ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာ ကြုံတွေ့ရနိုင်မှာ ဖြစ်ကြောင်းလည်း နက္ခတ္တဗေဒ ပညာရှင်တွေက ပြောကြားထားတယ်လို့ သိရပါတယ်။

Reference : Asiavision.com
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger