ဓာတုစစ်ပွဲကြောင့် သေဆုံးခဲ့သူတွေအတွက် အောက်မေ့ဖွယ် နှစ်ပတ်လည်နေ့ အခမ်းအနားကို အီရန်နိုင်ငံမြို့တော် တီဟီရန်ရှိ ငြိမ်းချမ်းရေးပြတိုက်မှာ
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ အခမ်းအနားအတွင်း အီရန်နိုင်ငံရဲ့ ကုလသမဂ္ဂ သတင်းအချက် အလက်စင်တာ အကြီးအကဲက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ပေးပို့လိုက်တဲ့စာကို ဖတ်ကြားခဲ့ပါတယ်။ စာထဲမှာ အတွင်းရေးမှူးချုပ်က ဓါတုလက်နက် တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ခံစားခဲ့ရသူတွေ၊ မိသားစုတွေအတွက် ၀မ်းနည်းကြေကွဲမိကြောင်း ရေးသားထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိုပါ အောက်မေ့ဖွယ်နေ့ အခမ်းအနားဟာ အဲ့ဒီလူမဆန်တဲ့ လက်နက်တွေကြောင့် သေဆုံးခဲ့သူတွေအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်တင်မကဘဲ ကမ္ဘာပေါ်ကနေ ဒီလက်နက်တွေကို ဖယ်ရှားဖို့ရာ နည်းလမ်းရှာဖွေနိုင်ဖို့အတွက်ပါ ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ အီရန်-အီရတ် ၈နှစ်ကြာ စစ်ပွဲအတွင်းကဆို အမေရိကန် ပြည်ထောင်စုက အီရတ်အာဏာရှင် ဆက်ဒမ် ဟူစိန်ကို ဓာတုလက်နက်တွေ ပံ့ပိုးပေးခဲ့တဲ့အတွက် ကမ္ဘာ့သမိုင်းမှာ ဓါတုလက်နက် အများဆုံးသုံးခဲ့တဲ့ ကာလဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အဆိုပါ အခမ်းအနားကို သက်ဆိုင်ရာ မိသားစုဝင်တွေနဲ့ တီဟီရန်မြို့မှ နိုင်ငံခြားရေးရာ သံတမန်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
Reference : Asiavision.com

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။