ထိပ်တန်း ဘီလီယံနာ စာရင်းတွင် ဇူကာဘတ် မပါဝင်သေး

Thursday, May 31, 20120 မှတ်ချက်များ

မကြာသေးမီက လက်ထပ်သွားခဲ့သူ Facebook အမှုဆောင်ချုပ် ဇူကာဘတ်မှာ Bloomberg ၏ ထိပ်တန်း ဘီလီယံနာများ စာရင်းမှ နုတ်ပယ်ခံလိုက်ရပြီဖြစ်ကာ ကမ္ဘာ့ အချမ်းသာဆုံး ဘီလီယံနာ ၄၀ စာရင်းမှ ပြုတ်ခဲ့ရပြီ ဖြစ်သည်။

လွန်ခဲ့သည့် မေလ ၁၈ ရက်နေ့က အများပြည်သူထံသို့ ရှယ်ယာများ စတင် ရောင်းချခဲ့အပြီး Facebook အနေဖြင့် ၁၀ ရက်အတွင်း ရှယ်ယာဈေး ၁၀ရာနှုန်း ကျဆင်းခဲ့ရကာ စတင် ထူထောင်သူ ဇူကာဘတ် အနေဖြင့်လည်း ၎င်း၏ ပိုင်ဆိုင်မှု အဖြစ် ဒေါ်လာ၁၆.၂ ဘီလီယံမှ ၁၄. ၇ ဘီလီယံသို့ လျောကျခဲ့ရသည်။ ယင်းသို့ ဖြစ်ရပ်များကြောင့် ၎င်း
၏ ပိုင်ဆိုင်မှုများလည်း လျော့ကျခဲ့ကာ ကမ္ဘာ့ အချမ်းသာဆုံး လူ ၄၀ စာရင်းမှလည်း ကျဆင်းခဲ့ရသည်။

၎င်းမှ နောက်ဆုံးနံပါတ် ၄၀ ဖြစ်သည့် ကိုလံဘီယာမှ ဘဏ်လုပ်ငန်းရှင် သူဌေး ဖြစ်သည့် Luis Carlos Sarmiento ထက် ဒေါ်လာသန်း ၈၀၀ နောက်ကျ ကျန်ခဲ့ရပြီ ဖြစ်သည်။ ယခုလို ဖြစ်ရပ်များနှင့် ပတ်သက်ပြီး ဇနီးသည်နှင့်အတူ ပျားရည်ဆမ်း ခရီး ထွက်နေခဲ့စဉ်က လူသိရှင်ကြား အရှုံးပေါ်ခဲ့ရခြင်းနှင့် ပတ်သက်ပြီး မှတ်ချက် မပြုခဲ့ကြောင်းလည်း သိရသည်။

source : Bloomberg

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger