လျှပ်စစ်မီးရရေး ငြိမ်းချမ်းစွာ ဆန္ဒပြမှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

Saturday, May 26, 20120 မှတ်ချက်များ

လျှပ်စစ်မီး မရရှိတဲ့အတွက် လူထုဆန္ဒပြနေတာနဲ့ ပတ်သက်ပြီ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စဟာ ချက်ချင်း လက်ငင်း ဖြေရှင်းနိုင်တဲ့ကိစ္စမဟုတ်ဘူး ဆိုတာ နားလည်ဖို့လိုတယ်၊ လူထုအနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို ထောက်ခံပေမယ့် ဥပဒေနဲ့အညီဖြစ်ဖို့ လိုအပ်တယ်ဆိုပြီး အလုံမြို့နယ် NLD ပါတီရုံး ဖွင့်ပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ။ ။ ဘာဖြစ်လို့လဲဆိုတော့၊ ဆယ်စုနှစ်နဲ့ချီပြီး ကျမတို့ရဲ့ စနစ်က မမှန်ခဲ့လို့။ ဓါတ်မီးမှန်မှန် မရတာ ဖြစ်တယ်။ အခုမှ ဆယ်စုနှစ်တွေနဲ့ချီပြီး မမှန်ခဲ့တဲ့ကိစ္စတွေကို ပြန်ပြင်ဖို့ဆိုတာ က၊ နေ့ချင်းညချင်းတော့ မဖြစ် နိုင်ဘူးဆိုတာ၊ ကျမတို့ သိတယ်။ ဒါပေမယ့်လည်း ဖြစ်အောင် ကျမတို့ လုပ်ရ မှာက ပြည်သူတွေရဲ့တာဝန်ပဲ။ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်တာကို ကျမတို့အနေနဲ့ ထောက်ခံပါတယ်။ ဒါပေမယ့် ဥပဒေနဲ့ကိုက်ညီအောင်လည်း လုပ်ပါ။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားတာ ဖြစ် ပါတယ်။
အခုတဆက်ထဲ အဲဒီ လျှပ်စစ်မီးရရှိရေး ဆန္ဒပြ တောင်းဆိုကြတဲ့သတင်းတွေကို တင်ပြရမယ်ဆိုရင်တော့၊ သာယာဝ တီခရိုင် သုံးဆယ်မြို့မှာ မေလ ၂၄ ရက် ကြာသပတေးနေ့ညက လျှပ်စစ်မီးရရှိရေး ဆန္ဒပြဖို့ ကြိုး စားကြတဲ့ မြို့ခံလူငယ် တချို့ကို ရဲတပ်ဖွဲ့က ရိုက်နှက် ထိုးကြိတ် ကန်ကျောက်ပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရပ်မိရပ်ဖတွေက ၀င်ရောက်စွက်ဖက်ပြောဆိုတဲ့အတွက် ပြန်လွှတ်ပေးလိုက် ပါတယ်။
ဆန္ဒပြပွဲတွေဆက်တိုက်ဖြစ်ခဲ့တဲ့ မြို့ကြီးတွေမှာ အခြေအနေတွေ အတန်ငယ် ငြိမ်သက်နေခဲ့ပြီးတဲ့နောက်မှာမှ အခု သုံးဆယ်မြို့ဖြစ်ရပ် ထပ်ဖြစ်လာတာ ဖြစ်ပါတယ်။ မေလ ၂၄ ရက်နေ့ မနက်ပိုင်းက ပြည်မြို့မှာ ဆန္ဒပြ သူတွေကို အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့က အတင်း ၀င်ရောက် ရိုက်နှက်ဖမ်းဆီးတဲ့ဖြစ်ရပ် ဖြစ်ခဲ့ပြီး တဲ့နောက်မှာ ညပိုင်းမှာ သုံးဆယ်မြို့မှာလည်း အလားတူပုံစံမျိုးဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ခံခဲ့ရတဲ့လူငယ်တွေက ရဲတပ်ဖွဲ့ရဲ့ ဥပဒေမဲ့ လုပ်ရပ်အပေါ် တရားဥပဒေကြောင်းအရ ပြန်ပြီး တုန့်ပြန်လုပ်ဆောင် ဖို့ ပြင် ဆင်နေတယ်လို့ ပြောကြပါတယ်။ ဒါ့အပြင် နဂိုမူလ စီစဉ်ထားတဲ့ ဆန္ဒထုတ်ဖော်ပွဲကိုလည်း ဆက်လုပ် သွားမယ်လို့ ဦးဆောင်စီစဉ်နေသူတဦးက ဗီအိုအေကို ပြောပါတယ်။ သုံးဆယ်မြို့မှာ အဲဒီလိုဖြစ်ခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေ က ဆန္ဒထုတ် ဖော်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တဲ့ ရန်ကုန်၊ ပြည်၊ မုံရွာ စတဲ့မြို့ကြီးတွေမှာ အခြေအနေက ငြိမ်သက်နေပါ တယ်။
နှစ်ရက်ဆက်တိုက် ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီး ရဲအထူးသတင်းတပ်ဖွဲ့ကခေါ်ယူ စစ်ဆေးမေးမြန်းတာတွေရှိခဲ့တဲ့ မန္တလေးမြို့ မှာတော့ မေလ ၂၄ ရက်နေ့ထိ ခေါ်ယူ မေးမြန်းတာတွေ ရှိနေဆဲဖြစ်သလို လျှပ်စစ်မီးကိစ္စနဲ့ မဆိုင်တဲ့ သရုပ်ဖော် အနုပညာပြပွဲ လုပ်နေသူ နှစ်ဦးကိုပါ ရဲကခေါ်သွားတဲ့ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။
By VOA (မြန်မာပိုင်း)
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger