အာဆီယံဒေသ၏ အချက်အချာအဖြစ် ထိုင်းနိုင်ငံမှ ဖြစ်လာနိုင်

Friday, May 25, 20120 မှတ်ချက်များ

ထိုင်းနိုင်ငံဟာ လာမယ့် ၂၀၁၅ ခုနှစ်မှာ ထူထောင်မယ့် အာဆီယံ အထူးစီးပွားရေး ပေါင်းစည်းဒေသ အကောင်အထည် ပေါ်လာပြီး နောက်ပိုင်းမှာ

အာဆီယံဒေသရဲ့အချက်အချာ နေရာတစ်ခု ဖြစ်လာနိုင်ကြောင်း ထိုင်းစီးပွားရေး ပညာရှင်တစ်ဦးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ခန့်မှန်းပြောကြားချက်ကို ထိုင်းနိုင်ငံမှ စိုက်ပျိုးရေးနဲ့ စားသောက်ကုန် ၊ လက်လီအရောင်း လုပ်ငန်းတွေနဲ့ တယ်လီကွန်မျူနီကေးရှင်း လုပ်ငန်းတွေ ပေါင်းစည်းထားတဲ့ စီးပွားရေး လုပ်ငန်းစု ကြီးတစ်ခုဖြစ်တဲ့ CP Group မှ ဒုတိယဥက္ကဌက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၎င်းက ပြောကြားရာမှာ ထိုင်းနိုင်ငံဟာ ပထ၀ီမြေ အနေအထားအရ အာဆီယံဒေသရဲ့ အလယ်ဗဟိုမှာ ရှိနေတဲ့အတွက် အာဆီယံ စီးပွားရေး ပေါင်းစည်းဒေသ ထူထောင်ပြီးချိန်မှာ ဒေသတွင်းအချက်အချာ နေရာတစ်ခု ဖြစ်လာမှာဖြစ်ကြောင်း ၊ နိုင်ငံရပ်ခြားက ရင်းနှီးမြုပ်နှံသူတွေ ၀င်ရောက်လာမှာ ဖြစ်တဲ့အတွက် ထိုင်းအလုပ်သမားတွေ အနေနဲ့ စွမ်းရည်ပြည့်ဝအောင် လုပ်ဆောင်ထားသင့်ကြောင်း ၊ ထိုင်းနိုင်ငံ အစိုးရ အနေနဲ့လည်း အာဆီယံ စီးပွားရေး ပေါင်းစည်းဒေသ အတွင်းမှာ ထိုင်းနိုင်ငံရဲ့ ပုဂ္ဂလိက ကဏ္ဍက ဦးဆောင်နိုင်အောင် နည်းဗျူဟာတွေချမှတ် လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger