ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်ရန် နေပြည်တော် ရောက်ရှိ

Wednesday, May 2, 20120 မှတ်ချက်များ


မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားရေးကို နှစ်ပေါင်းများစွာ တစ်စိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်ခဲ့သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် အမတ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုရန် ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်က နေပြည်တော်သို့ လေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိလာပြီ ဖြစ်ကြောင်း နေပြည်တော် လေဆိပ်သို့ ရောက်ရှိ သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ယခုခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ တတိယအကြိမ်မြောက် နေပြည်တော် ခရီးစဉ်ဖြစ်ပြီး မြန်မာ့နိုင်ငံရေး အလှည့်အပြောင်း အတွက် သမိုင်းဝင်မည့် မှတ်တိုင်တစ်ခု ဖြစ်သည်။
The Voice Weekly
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger