ဇွန်လတွင် လှိုင်သာယာ မြို့နယ်ရှိ အ၀ိုင်း ၃ ၀ိုင်း အား စတင် မွမ်းမံ သွားမည်

Monday, May 21, 20120 မှတ်ချက်များ

လှိုင်သာယာ မြို့နယ်မှာ ရှိတဲ့ အ၀ိုင်း ၃ ၀ိုင်းကို လာမယ့် ဇွန်လ အတွင်းမှာ စတင် အကောင် မွမ်းမံ ပြုပြင် တည်ဆောက် သွားမှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ

ဌာနမှ တာဝန်ရှိသူ တစ်ဦး ရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို အဆင့်မြှင့် မွမ်းမံ ပြုပြင် တည်ဆောက်မယ့် လှိုင်သာယာ မြို့နယ်ရှိ အ၀ိုင်း ၃ ၀ိုင်းကတော့ အမှတ် ၅ လမ်းမကြီးနဲ့ ပန်းလှိုင် မြစ်ကူး တံတား လမ်းဆုံ မှာရှိတဲ့ ခရေပင် အ၀ိုင်း၊ ရန်ကုန်- ပုသိမ်လမ်းနဲ့ အနော်ရထာ လမ်းဆုံမှာရှိတဲ့ ရေတမာပင် အ၀ိုင်း၊ အနော်ရထာလမ်းနဲ့ အနောက်ပိုင်း တက္ကသိုလ် အ၀င် လမ်းဆုံမှာရှိတဲ့ အနော်ရထာ အ၀ိုင်းတို့ဘဲ ဖြစ်ပါတယ်။

အဆိုပါ အ၀ိုင်း ၃ ၀ိုင်းကို အခုလို အဆင်မြင့် မွမ်းမံပြုပြင် တည်ဆောက်ရာ မှာလည်း လက်ရှိ ဦးဝိစာရအ၀ိုင်း၊ ဟံသာဝတီ အ၀ိုင်းတို့လို ရုပ်ထုပုံစံ ထည့်ဖို့ အစီအစဉ် မရှိပေမယ့်လည်း အလှပန်းများ စိုက်ပျိုးခြင်း နဲ့သာ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒီလို အ၀ိုင်း ၃ ၀ိုင်းကို အဆင့်မြှင့်တင် မွမ်းမံပြုပြင် ရာမှာလည်း အ၀ိုင်း တစ်ဝိုင်းကို ပန်းပင်များ စိုက်ပျိုးခြင်း၊ ရေ၊ မီးများ သွယ်တန်း ပြီးချိန်ထိ ပြင်ဆင်ဖို့ အချိန် ၃ လ ကြာမြင့်မှာ ဖြစ်ပြီး အ၀ိုင်း ၃ ၀ိုင်းလုံး ကိုတော့ အခု ဘဏ္ဍာနှစ် အတွင်းမှာ အပြီး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ အ၀ိုင်း ၃ ၀ိုင်းကို ပြုပြင်မှု ပြီးစီးပါ ကလည်း အ၀ိုင်း ၃ ၀ိုင်းကို အမည်ပြောင်းပြီး ခေါ်ဆိုသွားဖို့ ရှိတယ်လို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger