အသက် ၁၃ နှစ်အောက် ကလေးများအား ခိုင်းစေမှုကို တရားဝင် အရေးယူနိုင်

Tuesday, May 1, 20120 မှတ်ချက်များ


အသက် ၁၃ နှစ်အောက် ရှိတဲ့ ကလေး တွေကို လုပ်သား အဖြစ် ခိုင်းစေမှုတွေနဲ့ မိသားစု လုပ်ငန်းမျိုး မဟုတ်ဘဲ အလုပ်သမား ခိုင်းစေမှုတွေ ပြုလုပ်မှု အတွက်
တရားဝင် အရေးယူခွင့် ရှိတယ်လို့ အလုပ်သမား ၀န်ကြီး ဌာနမှ တာဝန်ရှိသူရဲ့ပြောပြချက် အရ သိရပါတယ်။ ဒီလို အသက်မပြည့်သေးတဲ့ သူတွေကို လုပ်သား အဖြစ် ခိုင်းစေမှုမှာ အချို့ အလုပ်ရုံတွေ အတွင်း အသက် ၁၅ နှစ်၊ ၁၆ နှစ်နဲ့  ၁၇ နှစ်အရွယ် လုပ်သားတွေ ကိုယ်တိုင် အလုပ်လုပ် လိုတဲ့ အတွက် ခိုင်းစေ ရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ လူမှုဖူလုံရေး အဖွဲ့တို့ရဲ့ Save Cetificate ရှိမှသာ အလုပ်လုပ် ခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

စက်ရုံ၊ အလုပ်ရုံတွေမှာ အသက်မပြည့် ခိုင်းစေပြီး အဆိုပါ ဆေးစစ်ချက် မရှိရင်တော့ သက်ဆိုင်ရာက ဆေးစစ်မှုကို ချက်ချင်း ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီလို သက်ဆိုင်ရာက ဆေးစစ်မှု ပြုလုပ်ရင်တော့ အဆိုပါ အသက် ၁၅ နှစ်၊ ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ်တွေ အနေနဲ့ သက်ဆိုင်ရာက သတ်မှတ် ထားတဲ့ ၁၈ နှစ်အရွယ် အလုပ်လုပ် နိုင်မှု စံမှာ မရှိပါက အလုပ်ခန့် ထားတဲ့ မန်နေဂျာမှာ တာဝန် ရှိတယ် လို့လည်း အလုပ်ရုံနှင့် အလုပ်သမား အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

ဒါ့အပြင် ဖွံ့ဖြိုးမှု နည်းပါး နေသေးတဲ့ ဒေသ အချို့မှာ အသက်အရွယ် မပြည့်သေးတဲ့ ကလေးငယ်၊ ၁၃ နှစ်အောက် ကလေးငယ် တွေကို အလုပ် ခေါ်ယူ စေခိုင်းမှု ကြေညာ စာတမ်း တွေ့ရှိခဲ့ရင်လည်း သက်ဆိုင်ရာ အလုပ်သမား ရုံးတွေကို ဆက်သွယ် တိုင်ကြား နိုင်တယ်လို့ သတင်း ရရှိပါတယ်။



Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger