လမ်းမတော်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး
မီးလောင်သေဆုံးကြောင်းသိရသည်။
မေလ(၃၀)ရက်နေ့ နံနက် ၁၂ နာရီ ၄၅ ခန့်က
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၇ လမ်း၊
အမှတ်(၇၆) သုံးလွှာ ညာဖက်ခြမ်း အခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ၊
အခြေခံပညာအထက်တန်းဖြေဆိုထားသည့် အသက်(၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦး
မီးလောင်သေဆုံးခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်ပွားချိန်ဝယ်
အဆိုပါအခန်းတွင် ယင်းအမျိုးသမီးငယ်တစ်ဦးသာ ရှိနေပြီး၊ ကျန်အိမ်သားများမှာ
စေးသို့သွားနေကြခြင်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ရာတွင်
တိုင်းဦးစီးမှူးနှင့် မီးသတ်ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယနေ့
၁၂ နာရီကျော်ခန့်က လမ်းမတော်မြိုနယ်၌ မီးလောင်မှုဖြစ်ပွား၍ သေဆုံးခဲ့သည့်
အသက်(၁၇)နှစ်အရွယ် မိန်းကလေးဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ
သုံးခုတွေရှိရကြောင်း မူခင်းရဲတပ်ဖွဲ့ မှသိရသည်။
ထို့အပြင် ၎င်းသေဆုံးသည့်
နေရာတ၀ိုက်တွင်သာ မီးလောင်မှုဖြစ်ပွားသည်ကို တွေ့ရှိရ၍ ဓမ္မတာအတိုင်း
မီးလောင်သေဆုံးခြင်း မဟုတ်ဟု ယူဆကာ ဆက်လက်စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း
သိရသည်။
သေဆုံးသူမှာ ၎င်း၏ မိခင်၊ အကိုဖြစ်သူနှစ်ဦးနှင့်
အတူနေထိုင်ကြောင်း သိရသည်။
သူရထွန်း-Popular Myanmar News Journal
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။