ရန်ကုန် ရွှေဈေး ကျပ်ခုနှစ်သိန်းသို့ ပြန်လည် ရောက်ရှိ

Sunday, May 20, 20120 မှတ်ချက်များ

မေလ ဒုတိယ အပတ် အစက အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၇ သိန်း အောက်ရှိခဲ့တဲ့ ရန်ကုန် ရွှေဈေးနှုန်းဟာ မေလ ၁၈ ရက်နေ့ မှာတော့ ကျပ် ၇ သိန်းသို့

ပြန်လည် ရောက်ရှိ လာတယ်လို့ ရန်ကုန် ရွှေဈေးကွက်က ရရှိတဲ့ အချက်လက်များ အရ သိရပါတယ်။ ဒီလို ရွှေဈေး ပြန်လည် မြင့်တက် လာခြင်းမှာ ကမ္ဘာ့ရွှေဈေး မြင့်တက် လာမှုကြောင့် ဖြစ်သလို ပြီးခဲ့တဲ့ တစ်ပတ် အတွင်းက ရွှေဈေးကွက် အတွင်း ရောင်းချမှုတွေ များပြားခဲ့ပေမယ့် ယခုတစ်ပတ် အဖွင့် မှာတော့ ၀ယ်လိုအားတွေ ပြန်လည် ရှိလာခြင်းကြောင့် ဈေးနှုန်း အနည်းငယ် မြင့်တက် လာခြင်း ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင် အချို့ရဲ့ ပြောကြားမှု အရ သိရပါတယ်။

မေလ ၁၇ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ခြောက်သိန်း ကိုးသောင်း နှစ်ထောင် အထိ ကျဆင်းခဲ့ပြီး မေလ ၁၈ ရက်နေ့ မှာတော့ ကျပ် ခုနစ်သိန်းသို့ ဈေးနှုန်း ပြန်လည် မြင့်တက် လာတာကို တွေ့ရပါတယ်။ မေလ ၁၈ ရက်နေ့ အဖွင့်ဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၇ သိန်းနဲ့ ဈေးဖွင့်ခဲ့ပြီး ညနေပိုင်း မှာတော့ ကျပ် ခုနစ်သိန်း နှစ်ထောင့် ငါးရာနဲ့ ဈေးပိတ် ခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ရွှေဈေး မှာလည်း မေလ ၁၅ ရက်နေ့မှာ တစ်အောင်စ ၁၅၅၄ ဒေါ်လာ ရှိခဲ့ရာမှ မေလ ၁၈ ရက်နေ့မှာ တစ်အောင်စ ၁၅၇၅ ဒေါ်လာသို့ ပြန်လည် ရောက်ရှိ ခဲ့ပါတယ်။ ဒီလို ရွှေဈေး ပြောင်းလဲ လာသလို ပြည်တွင်းရဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်း ဟာလည်း အခု ရက်ပိုင်း အတွင်းမှာ ဈေးနှုန်း ပြောင်းလဲမှုတွေ ရှိနေပါတယ်။ မေလ ၁၈ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ငွေလဲလှယ်နှုန်း အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၈၃၅ ကျပ် သတ်မှတ် ခဲ့ကြောင်း သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger