ဂရိ နိုင်ငံသား ၁၃၀၀၀ မှာ အိမ်ခြေမဲ့ ဖြစ်နေ

Friday, May 25, 20120 မှတ်ချက်များ

အသစ် ထွက်ပေါ်လာသည့် အစီရင်ခံစာ တစ်ရပ်အရ ဂရိ နိုင်ငံရှိ ၁၃၀၀၀ သော လူများမှာ မြို့တော် အေသင်တွင် အိမ်ယာမဲ့ အခြေအနေဖြင့် နေထိုင်နေရကြောင်းနှင့်

နောက်ထပ် တိုးပွားလာဖွယ် ရှိကြောင်း သိရသည်။ ယခု အစီရင် ခံစာကို လူမှု ကယ်ဆယ်ရေး အဖွဲ့တစ်ခု ဖြစ်သည့် Praksis မှ ကြာသပတေး နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကာ လူပေါင်း ၄ သန်းကျော် နေထိုင်သည့် ဂရိနိုင်ငံ မြို့တော်တွင် လူပေါင်း ၁၁၅၀၀ မှာ စွန့်ပစ်ထားသည့် အဆောက်အအုံများ အတွင်းတွင် နေထိုင်နေကြရပြီး အခြားသော လူ ၁၅၀၀ မှာ လမ်းမများပေါ်တွင် နေထိုင် နေကြရသည်။

ယခုလို နေထိုင်သူ ၁၅၀၀ ထဲမှ အများစုမှာ အလုပ်လက်မဲ့များ ဖြစ်ကြကာ မူးယစ်ဆေးစွဲ နေကြသူများလည်း ဖြစ်ကြောင်း ၊ ယခုလို ဖြစ်ရခြင်းမှာ အစိုးရ၏ ပြန်လည် ထူထောင်ရေး စင်တာများ ပိတ်သွားခြင်းကြောင့် ဖြစ်ကာ ထောက်ပံ့ငွေများ မရှိတော့ခြင်းကြောင့် ဖြစ်ကြောင်းလည်း အဆိုပါ အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ Tzanetos Antypas မှ AFP မှ တစ်ဆင့် ပြောကြား သွားခဲ့သည်။ ထို့အပြင် နေအိမ်မဲ့များမှာလည်း မျိုးဆက်သစ်များပင် ဆက်လက် ထွက်ပေါ်လာနေပြီ ဖြစ်ကြောင်း ၎င်းမှ ပြောခဲ့ကာ အလုပ်လက်မဲ့ နှုန်းများ မြင့်တက်လာခြင်းနှင့် စီးပွားရေး ပြဿနာများ တိုးတက်လာခြင်းကြောင့် ဖြစ်ကြောင်း ပြောခဲ့သည်။

source : presstv.ir

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger