၂၀၀၃ မေ ၃၀ ဒီပဲယင်းလူသတ်ပွဲဆိုင်ရာ မှတ်တမ်းများအား ပြန်လည် ဖော်ပြခြင်း

Thursday, May 31, 20120 မှတ်ချက်များ

၂၀၁၂ မေ ၃၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ထိုင်းနိုင်ငံရေးသမားများ၊ အစိုးရတာဝန်ရှိသူများ၊ နိုင်ငံတကာက အထင်ကရပုဂ္ဂိုလ်များနဲ့ တွေ့ဆုံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ မေလ ၃၀ ရက်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျည်ရွာအနီးမှာ လူစုလူဝေးနဲ့ တိုက်ခိုက်ခံခဲ့ရပြီး ကံကောင်းထောက်မစွာ သေဘေးက သီသီလေး ကင်းလွတ်ခဲ့ရပါတယ်။ တကယ်လို့ တစုံတရာသာ ချွတ်ချော်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ဆုံးပါးသွားနိုင်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင် ဦးတင်ဦးလည်း တိုက်ခိုက်ခံခဲ့ရပြီး အသက်ဘေးမှ လက်မတင်လေး လွတ်မြောက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ လပိုင်းက လွတ်မြောက်လာခဲ့တဲ့ မြန်မာ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့်က ဒီပဲယင်းလူသတ်ပွဲဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို သူ့တပ်ဖွဲ့များ ကယ်တင်ခဲ့ရကြောင်း ဘန်ကောက်ပို့စ်သတင်းစာကို ပြောကြားခဲ့ရာ အတော်လေး ဂယက်ထသွားပါတယ်။ ဒီပဲယင်းလူသတ်ပွဲကို ကြိုးကိုင် စီစဉ်သူများထဲမှာ ဒီကနေ့ မြန်မာအစိုးရထဲက ထိပ်တန်းခေါင်းဆောင်တချို့ ပါဝင်နိုင်တယ်ဆိုတဲ့ ယိုးစွတ်မှုများ ရှိခဲ့သလို ရှိနေဆဲ ဖြစ်ပါတယ်။ ဒီပဲယင်းလူသတ်ပွဲ ၉ နှစ်မြောက် အထိမ်းအမှတ်အဖြစ် လွန်ခဲ့တဲ့ ၉ နှစ်က ယနေ့မြန်မာအဖွဲ့သားများ ဖော်ပြခဲ့တဲ့ ဒီပဲယင်းလူသတ်ပွဲဆိုင်ရာ မှတ်တမ်းများကို စုစည်း ဖော်ပြလိုက်ပါတယ်။ ဖော်ပြရခြင်း အကြောင်းရင်းကတော့ ထို ဖြစ်စဉ်များကို လေ့လာပြီး အလားတူ ဆိုးရွားတဲ့ သမိုင်းဖြစ်စဉ်တွေ မြန်မာ့သမိုင်းမှာ နောက်ထပ် မဖြစ်ပေါ်စေလိုတဲ့ ဆန္ဒ၊ ဆင့်ပွား သုံးသပ် အဖြေရှာစေလိုတဲ့ ဆန္ဒကြောင့် ဖြစ်ပါတယ်။ ယခု ဖော်ပြချက်များဟာ ရာနှုန်းပြည့် မှန်ကန်ပါတယ်လို့ မယူဆစေလိုပါ။ ထိုစဉ်အချိန်က မြန်မာနိုင်ငံနဲ့ ပြည်ပနိုင်ငံများ ဆက်သွယ်နိုင်မှု အင်မတန် ခက်ခဲပါတယ်။ အခက်အခဲများအကြားက စုစည်းထားတဲ့ မှတ်တမ်းတွေ ဖြစ်တဲ့အတွက် လိုအပ်ချက်များ ရှိနိုင်ပါတယ်။ သိရှိလေ့လာနိုင်ရန် မှတ်တမ်းတခုအနေနဲ့ ပြန်လည် ဖော်ပြခြင်း ဖြစ်ပါတယ်။
 မြင့်လှိုင်၊




 
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger