၁oနှစ်ကလေးအားခိုးယူကာ တောင်းရမ်းခိုင်းစေသည့် အပြင် အဓမ္မပြုကျင့်

Sunday, April 22, 20120 မှတ်ချက်များ

တစ်ခြံတည်းနေ မစန်းစန်း မော်(ခ)ပွတ်စပါး (ခ)ဂဏန်း (၃၁) နှစ်နှင့် ဦးအရောင်း(ခ)ဦးမောင် မောင်တို့မှ မ....အသက် (၁၀) နှစ်အား ၄င်းတို့နောက်ကိုလိုက်ရ မည်ဟု အတင်းဆွဲခေါ်ကာ ဒလကူး တို့ဆိပ်မှ တစ်ဆင့်ရန်ကုန်ဘက်သို့ ခေါ်ဆောင်ပြီး ရန်ကုန်မြို့အတွင်း တောင်းရမ်းစားသောက်စေသည့် အပြင် အဓမ္မပြုကျင့်သည့် အမှုတစ် ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒလမြို့နေဦး... ၃၅နှစ်၏ သမီးဖြစ်သူ မ...၁၀နှစ် သည် နိုဝင်ဘာ ၁၉ရက် နေ့လယ် ၁၂နာရီတွင် နှစ်အိမ်ကျော်ရှိဦး... ၏နေအိမ်တွင် ဗီဒီယိုကြည့်ရာမှ ပြန်မလာသေးသဖြင့် အဆိုပါအိမ် သို့သွားရောက်မေးမြန်းရာ အိမ်ပြန် သွားပြီဖြစ်ကြောင်း သိရှိရသဖြင့် အိမ်တွင်ရှာဖွေသော်လည်း ပျောက် ဆုံးနေခဲ့ကြောင်း သိရသည်။ ထို့ နောက် ဒလမြို့နယ်အနီးတစ်ဝိုက် တွင် ရှာဖွေမှုများပြုလုပ်ခဲ့သော် လည်း မတွေ့ရှိခဲ့ကြောင်းသိရသည်။ ဒီဇင်ဘာ ၁၅ရက်တွင် မ.... ၁၀ နှစ်အား မင်္ဂလာတောင်ညွှန့်၊ ဖို့မြေ ရပ်ကွက်အတွင်း တောင်းရမ်းစား သောက်နေသည်ကို အိမ်နီးချင်းတစ် ယောက်မှ တွေ့ရှိသဖြင့် ခေါ်ယူကာ ဖို့မြေရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တွင်အပ်နှံထားခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာ ၁၇ရက်က အိမ်သို့ ပြန်ခေါ်လာရာ သမီးဖြစ်သူမှ အင်္ဂါ စပ်နာကျင်ကြောင်းပြောသည့်အ တွက်မေးမြန်းရာ မပွတ်စပါး၏ ခင်ပွန်းဖြစ်သူမြလှိုင် ၃၀နှစ်က သား မယားတစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း သိရသည်။ ပြုကျင့်သည့်အချိန်၊ နေရာနှင့် နေ့ရက်တို့ကို စိစစ်ဆဲဖြစ် ကြောင်း သိရသည်။ ကလေးအား အတင်းအဓမ္မခေါ်ဆောင်၍ တောင်းရမ်းလုပ်ကိုင်စေခဲ့သူ ဒေါ် ပွတ်စပါး(ခ) စန်းစန်းမော်နှင့် သား မယားပြုကျင့်သူ ဦးမြလှိုင်တို့အား အရေးယူပေးရန် ဒလရဲစခန်းမှ (ပ)၇၂၅/၁၁၊ ပုဒ်မ ၃၆၇/၁၁၄၂ ဖြင့် အမှုဖွင့်ထားကာမြလှိုင်မှ သားမ ယားပြုကျင့်ခဲ့သည့် နေရာ၊နေ့ရက်၊ အချိန်တို့အားစစ်ဆေးတွေ့ရှိပါက မြလှိုင်အား ပုဒ်မ ၃၇၆ဖြင့် အရေး ယူရန်စီစဉ်ထားကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက် ၍ ကလေး၏ဖခင်အားမေးမြန်း ကြည့်ရာ TV ကြည့်မယ်ဆိုပြီး အပြင်ထွက်သွားပါတယ်။ ဖြစ်ချင် တော့ အဲဒီနေ့ကကျွန်တော် ယောက္ခမကလည်း ဆေးရုံတင်ထား ရတော့ သူ့အမေကဆေးရုံကို လိုက် သွားရတယ်။ ကျွန်တော်ကအလုပ် ပြီးလို့ပြန်လာပြီးကလေးကို ရှာကြည့် တော့ TV သွားကြည့်တဲ့အိမ်က လည်း ပြန်သွားပြီလို့ပြောတော့ လိုက်ရှာတာ ဘယ်မှာမှရှာလို့မရ ဘူး။

သူ့အမေဆိုတငိုငို၊ တရီရီနဲ့ ဖြစ်နေတာ။ ဒလမြို့တစ်မြို့လုံးလိုက် ရှာတာတောင် မတွေ့တော့ကျွန် တော်တို့လည်း ဒလရဲစခန်းမှာ လူ ပျောက်တိုင်လိုက်ပါတယ်။ ဒီဇင်ဘာ ၁၅ရက်ကျတော့ မင်္ဂလာတောင်ညွှန့် က မုန့်ဆိုင်တစ်ဆိုင်မှာ မုန့်လာ တောင်းနေတာကို ကျွန်တော်တို့ အသိကဗြုန်းစားကြီးဆိုတော့ မမှတ် မိဘူးပေါ့။ သေချာကြည့်မှ ကျွန် တော်ကလေးနဲ့တူတယ်ဆိုပြီး ရဲစခန်းမှာအပ်ထားခဲ့ပါတယ်။ နောက်မှ ကျွန်တော်တို့က အိမ်ကို ပြန်ခေါ်ခဲ့ပါတယ်"ဟု ခေါ်လာပုံကို ပြောသည်။ အဆိုပါ ကလေးမှာ သားသမီး သုံးယောက်ရှိသည့်အနက်အကြီးဆုံး သမီးဖြစ်ကာ အစိုးရကျောင်းမနေ ဖူးသော်လည်း NGO မှဖွင့်ပေးထား သည့် ကျောင်းနေဖူးကာ နေမ ကောင်း သညအ့် တကွ် ကျောင်း ထကွ် ထားခဲ့ကြောင်း သိရသည်။"အိမ်နီး နားချင်းက ယခုကဲ့သို့ပြုလုပ်ခြင်းကို စံပြဖြစ်သွားအောင် ကျွန်တော် မတက်နိုင်ပေမယ့် ကျွန်တော်ကို ကူညီနိုင်မယ့် ဘယ်သူကိုဒူးထောက် ပြီးတော့အဆုံးထိလုပ်သွားမှာပါ" ဟုကလေး၏ဖခင်ကပြောသည်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger