Karoolark ရဲ့သမိုင်းအချို့

Friday, April 20, 20120 မှတ်ချက်များ



ကျွန်တော်ခုတင်ပြမှာက အရင်က karoolark မဟုတ်ဘဲ webuzz.im ဆိုတာကိုတင်ပြချင်ပါတယ်ဗျာ။ အရင်ကဆိုရင် webuzz.im နဲ့ပဲချက်တာ။ အဲ့အချိန်ကဆိုရင် အလိုအလျောက်လက်မခံဖူးလေ။ မြန်မာတွေအသုံးများတာကိုတော့သတိထားမိတယ်ဗျာ။ ၂၀၀၉၊ ၂၀၁၀ တုန်းက ပါ။ java2demo@gmail.com ရယ်၊ java2script@gmail.com နှစ်ခုခွဲထားပါသေးတယ်။ အဲ့ဒီနေရာမှာတင် ကိုယ်ကအဲ့အကောင့်နှစ်ခုလုံးကိုဝင်ပြီးချက်လို့ရပါသေးတယ်ဗျာ။ ပြီးတော့လည်း ကိုယ်လိုချင်တဲ့သူငယ်ချင်းအကောင့်ကိုသာအပ်ရုံပဲ (အယ်...ဒါတော့မကောင်းဘူးဗျာ..)။။။ အဲ့အကောင့်တွေကအမှန်တော့ တကယ့် Google Talk application မှာသုံးဆွဲလို့ရတာမဟုတ်ပါဘူး။ အရင်ကဆိုရင် ခု feature အသစ်လို သူငယ်ချင်းအသစ်တွေအလိုအလျောက်လက်မခံဖူး။ background image လည်းမရှိပါဘူး။ အသစ်တွေအလိုအလျောက်လက်ခံတာကမကောင်းဖူးလေ။ တချို့က သူလက်ခံချင်မှလက်ခံမယ်။ တစ်ခုအားသားချက်က ကွန်နက်ရှင်ကျရင် ချက်ချင်း reload ပြန်လုပ်ပေးတယ်။ ဆိုးတာက cookies တွေကိုမှတ်လို့အားနည်းချက်ပါပဲ (ပြောရရင်သူများဆိုဒ်ကို ခိုးချင်တဲ့ဟတ်ကာဆိုဒ်ပေါ့).။ အဲ့ဒီပိုင်ရှင်က တရုတ်လူမျိုးပါပဲ။ Zhou Renjian လားဘာလားတော့မသိဖူး (အသံထွက်မသိုဖူးလေxxx)။ အကောင့်ကတော့ zhourenjian@gmail.com ပါဗျာ။ စကားပြောရင် သူကလည်းသဘောတော့ကောင်းပါတယ် (အင်္ဂလိပ်လိုပေါ့)။။ ပုံဆိုင်လည်းပြောင်းလို့မရဘူး။ Blocked လုပ်ရတာခက်ပါတယ်။ မြန်မာအသုံးများတာ ဘာကြောင့်လဲဆိုတော့ကွန်ကလည်းကျတယ်လေ။ ပြီးတော့လည်း မြန်မာတော်တော်များများကြိုက်တာက auto accept ပဲလေ။ java2demo@gmail.com နဲ့ java2script@gmail.com ကလည်းအဲ့အရင်ကဆိုရင် ကိုယ့်အကောင့်နေလည်းအပ်လို့ရသလို၊ java2demo@gmail.comနဲ့ java2script@gmail.com ကိုကိုင်တဲ့လူလည်း ကိုယ့်အကောင့်ကိုအပ်လို့ရတယ်လေ။ Zhou Renjian က http://j2s.sourceforge.net/ ကိုအဓိကထားသုံးပြီး။



ပြီးတော့ သူဒိုမိန်းဝယ်တဲနေရာက www.godaddy.com လေ(နာမည်ကြီးဆိုဒ်ရောင်းသောနေရာတစ်ခု)။။။

ဒါတောင် webuzz.im ကို proxy ကျော်ကြည့်ရတဲ့ခေတ်လည်းရောက်လိုက်သေးတယ်ဗျာ။ :( ။ Access Denied တဲ့။ နောက်ပိုင်း စိတ်နဲ့လို့ကျွန်တော်လည်းမကြည့်ဘူး။ နောက်တော့မှာ သူများက Karoolark ကိုပြတော့မှာ..သြော်။ webuzz.im က karoolark.com ပဲကိုးးး။ webuzz.im က redirect လုပ်ထားတာ။ မယုံရင် webuzz.im လို့ထည့်ကြည့်။ karoolark.com အဖြစ်သို့ရွေ့သွားမယ်ဗျာ။ karoolark ကဇယားရှုပ်တယ်လို့ပြောရမှာဗျ။ webuzz.im မတိုင်မီ၂၀၀၈ခုနှစ်မှာ izuz.net လို့သုံးသေးတယ်။ ကျွန်တော်ကအဲ့ချိန်ကအရမ်းငယ်သေးလို့ အဲ့ဒီအထိတော့မမီလိုက်ပါဘူး။ izuz.net က$278USD လောက်ထိမြတ်ပါတယ်လို့သိထားရတယ်ဗျာ။ webuzz.im ကတော့ $1,283USD ကတော့ ဒီလောက်မြတ်ပါတယ်။ karoolark.comကတော့ $6,692USD အထိမြတ်ပါတယ်ဗျာ။ ဒါပေမယ့် ဒါတွေက css နဲ့ javascript အဓိကထားပြီးလုပ်ထားတာပါ။ သူတို့ရဲ့ team တွေကတရုတ်ဖြစ်တဲ့အတွက် quality က တခြားဆိုဒ်အများကြီးကွာပါတယ် (မကောင်းတာကိုပြောတာ)။။။ ဆိုဒ်က ၂၀၀၈ ဧပြီလမှလုပ်ကြောင်းသိရှိရပါတယ်ဗျာ။ သူတို့ဟာက ကွန်မကောင်းတဲ့အချိန်မှာသုံလို့ကောင်းတယ်လို့မြန်မာလူမျိုးတွေက ဆိုကြပါတယ်။

သရဲလေး
<04/14/2012>
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger