ၾသစေတးလ် နိုင်ငံမှာတော့ လူဦးရေ ၁၀၄ ယောက်ရှိတဲ့ ရွာကလေးရဲ့ နာမည်ကတော့ ထူးထူးခြားခြား F***ing ပါတဲ့။ ခုတော့ ဒီရွာသားတွေဟာ သူတို့ရွာကလေးရဲ့ နာမည်ကို ပြောင်းဖို့ တိုင်ပင်နေကြပါတယ်။ သြစတေးလျမြောက်ပိုင်းမှာရှိတဲ့ အေးချမ်းတဲ့ရွာကလေးဟာ သူတို့ရဲ့ ရွာနာမည်ဟာ ဘာကိုဆိုလိုတယ်ဆိုတာကို ဒုတိယ ကမ္ဘာစစ် အမေရိကန် စစ်သည်တွေ ရောက်မလာခင်အထိ မသိရှိခဲ့ကြပါဘူး။ နောက်ပိုင်းမှာတော့ ဒီရွာကလေးရဲ့ နာမည် F***ing ဆိုတဲ့ ဆိုင်းဘုတ်တွေ ခိုးယူခံရတယ်လို့ဆိုပါတယ်။ ရွာခံ အဒေါ်ကြီးတစ်ယောက်ဆိုရင် သူ့ဆိုင်းဘုတ် နောက်မှာ g တစ်လုံး အပိုထည့်ပြီးတော့ သူခိုးတွေ မခိုးယူအောင် စာလုံးပေါင်းပြင်ထားရတယ်လို့ ဆိုပါတယ်။
“အခုတော့ ရွာသားတွေဟာ ရွာနာမည် စာလုံးပေါင်းကို ပြင်ဖို့တိုင်ပင်နေကြပါပြီ။ ဒါပေမယ့် ပထမဆုံး အရေးကြီးတာက ရွာသားတွေ တစ်ကယ်ပဲ ရွာနာမည်စာလုံးပေါင်းကို ပြောင်းချင်လား မပြောင်းချင်ဘူးလား ဆိုတာပါပဲ” လို့ ရွာသူကြီး Franz Meindl က ရုပ်သံထုတ်လွှင့်မှု့အစီအစဉ်မှာပြောသွားပါတယ်။ ဒီလို ရယ်စရာဖြစ်နေတဲ့ ၁၆ ရာစုနှစ်က စာလုံးပေါင်းနဲ့ ရွာနာမည်ကို ရွာသားတွေဟာ “ck” ဆိုတဲ့ စာလုံးပေါင်းနေရာမှာ g ဒါမှမဟုတ် gg ဆိုပြီး စာလုံးပေါင်းပြင်ဖို့ တိုင်ပင်နေကြတယ်လို့ဆိုပါတယ်။ ကျွမ်းကျင်သူများကတော့ ဒီရွာလေးရဲ့နာမည်ဟာ “Focko” ဆိုတဲ့ ၆ ရာစုနှစ်လောက်တုန်းက ဗာဗေးရီးယန်း စံနမူနာ ယူထိုက်တဲ့ လူတစ်ယောက်ရဲ့ နာမည်ကနေ ဆင်းသက်လာတဲ့လို့ဆိုပါတယ်။ ဒါပေမယ့် F***ing ဆိုတဲ့ နာမည်ကတော့ ၁၈ ရာစုနှစ်ကမှ ပြောင်းလဲသွားတယ်လို့ ဆိုပါသတဲ့။
Source : (Link)
Photo : ALAMY
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။