ဖခင်ဖြစ်သူကို ဘန်ကောက်မှာ ဆေးသွားကုတဲ့ ဖြူဖြူကျော်သိန်း

Sunday, April 22, 20120 မှတ်ချက်များ

ဖခင်ဖြစ်သူကို ဘန်ကောက်မှာ ဆေးသွားကုတဲ့ ဖြူဖြူကျော်သိန်းဖြူဖြူကျော်သိန်းက ဒီနှစ် သင်္ကြန်ကို မန္တလေး မှာ ဖြတ်သန်း ခဲ့ပြီး နှစ်ဆန်း ၂ ရက်နေ့မှာတော့ ဖခင် ဖြစ်သူ ဆေးကုဖို့ အတွက် ဘန်ကောက်ကို လိုက်ပါ သွားပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်နေ့ 5 Ladies show ပွဲမှာ မတော် တဆထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ ဖခင်ဖြစ်သူ က အာရှတော်ဝင် ဆေးရုံမှာ ဆေး ကုသမှု ခံယူပြီး ဧပြီ ၁၃ရက်နေ့ မှာတော့ ဘန်ကောက်ကို သွားပြီး ဆေးစစ်မှု ခံယူတာ ဖြစ်ပါတယ်။

''ဧပြီ ၁၃ ရက်နေ့မှာ ဖေဖေရယ်၊ မေမေရယ်၊ အစ်မ ခဲအိုရယ် နောက်ပြီး ဆရာဝန် တစ်ယောက်ရယ် အရင် သွားနှင့်တယ်။ တကယ်ဆိုရင် အစ်မရဲ့ အစ်မ မမညို လိုက်သွား ရမှာပေါ့နော်။ သူလည်း လိုင်စင်ရှိ တဲ့ဆရာဝန် ဆိုတော့လေ။ ဒါပေမဲ့ သူကို ဋ္ဌာနက ခွင့်မပေးတော့ ပတ်စပို့လည်း မရဘူးပေါ့။ ဘာလို့ ခွင့် မပေးလဲတော့ မသိဘူး။ အစ်မကတော့ ၁၈ ရက်နေ့ လိုက်သွားမယ်။ တကယ်ဆိုရင်တော့ ညီအစ်မ နှစ်ယောက်လုံး လိုက်သွား သင့်တာပေါ့။ ဒါပေမဲ့ မမညို ခွင့်တိုင်တာကို ခွင့် မပေးသေးတဲ့အတွက် လိုက်ဖြစ် မလိုက်ဖြစ် မကျိန်းသေသေးဘူး''လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးကြောင့် ဧပြီ ၁၈ ရက်နေ့မှာ ဘန်ကောက်ကို လိုက်သွားခဲ့တဲ့ ဖြူဖြူ ကျော်သိန်းက သူ့ရဲ့မွေးနေ့ဖြစ်တဲ့ ၂၂ ရက်နေ့မှာ တော့ ဒီနှစ်အတွက် မွေးနေ့ မလုပ်ဖြစ်တော့ဘူးလို့ သိရပါတယ်။
''ဟိုမှာ အဖေ့ ကျန်းမာရေး အခြေအနေအရ ဘယ်လောက် ကြာမယ်တော့ မသိသေးဘူး။ အပြင်ဒဏ်ရာတွေ အားလုံးကတော့ ကောင်းသွားပြီ။ ဒါပေမဲ့ ကျန်တဲ့ စစ်ဆေး မှုတွေပြုလုပ်ဖို့ သွားမှာပါ။ တကယ်ဆို ညီအစ်မနှစ်ယောက်လုံး သွားရင်း ရရဲ့နဲ့ မမညိုကို ခွင့်ချ မပေးတော့ အစ်မ တို့လည်း စိတ်မကောင်း ပါဘူးပေါ့။ အဲဒါလေးကို လည်း ပရိတ်သတ်ကို သိစေချင် ပါတယ်'' လို့ ပြောတဲ့ ဖြူဖြူကျော်သိန်းက ဒီနှစ်မှာတော့ ခံစားမှုတွေ များတယ်လို့ ပြောပါတယ်။

''မွေးနေ့လည်း ဒီနှစ်မှာ မလုပ်ဖြစ်ဘူး။ ပြီးတော့ ဖေဖေ ရဲ့ကျန်းမာရေး အခြေအနေ လည်းရှိတယ်လေ။ ဒါက ကိုယ့်ပါစင်နယ်ခံ စားမှုပေါ့။ နောက်တစ်ခုကကျတော့ ကိုယ့် နိုင်ငံအတွက် ကိုယ့် ပရိသတ်တွေ နဲ့ ထပ်တူ ထပ်မျှ ပျော်ရတာကတော့ ဒီနှစ်သစ်က အရင်နှစ်သစ် နဲ့မတူပါဘူး။ ပရိသတ်တွေနဲ့ ထပ်တူ ထပ်မျှ တိုင်းပြည်နဲ့ လူမျိုး အတွက် ကောင်းတဲ့ အနာဂတ်တစ်ခု ရဖို့ဖြစ်တဲ့ အတွက် ဒါကို ကျေနပ် မိတယ်။ ဒီနှစ်သစ်ကို ဝင်ရတာ အရင်နှစ်ပေါင်း များစွာ ဖြတ်သန်းလာ ခဲ့တဲ့ နှစ်သစ်တွေနဲ့ မတူဘူးလို့ ထင်တယ်။ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေ၊ လွတ်လပ်မှုတွေ၊ လွတ်မြောက်မှုတွေကို အကောင် အထည်ဖော်နိုင်တော့ မယ်လို့ လည်း ထင်ပါတယ်''လို့ ဖြူဖြူကျော်သိန်း က ပြောပါတယ်။

ဖြူဖြူကျော်သိန်းက ခုလက်ရှိမှာ ဖခင် ရဲ့ ကျန်းမာရေး အခြေ အနေကြောင့် ဘန်ကောက်ကို လိုက်သွားတာကြောင့် သူ့ရဲ့ နောက်ထပ် အခွေ ထွက်ရက်ကို ခဏ ရွှေ့ထားရတယ်လို့ ပြောပါ တယ်။ အဲဒါကြောင့် သူ့ရဲ့ 'ချယ်ရီလမ်း'လို့ အမည်ပေးထား တဲ့ ကိုယ်ပိုင် သံစဉ် သီချင်းခွေကို မေလကျော်လောက်မှာမှပဲ ထွက်ဖြစ်တော့ မှာ ဖြစ်ပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger