ကိုကာကိုလာအချိုရည်နဲ့ အလုပ်လုပ်တဲ့ ဖုန်း

Monday, April 16, 20120 မှတ်ချက်များ

alt

ကိုကာကိုလာကနေ ရရှိတဲ့ စွမ်းအင်နဲ့ အသုံးပြုရတဲ့ဖုန်းကို Nokia မှ ထုတ်လုပ်ထားပါတယ်။

ဖုန်းရဲ့ ဘက်ထရီအနေနဲ့လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ကိုကာကိုလာ အချိုရည်တစ်မျိုးတည်မဟုတ်ပဲ သကြားပါဝင်တဲ့ မည်သည့် အချိုရည်မဆို အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ကာဗွန်ဟိုက်ဒရိတ်ထုတ်ယူပြီး ဘက်ထရီအားအနေနဲ့ ထုတ်ယူသုံးစွဲစေမှာ ဖြစ်ပါတယ်။

ဖုန်းရဲ့ပုံစံကတော့ ရှည်မျောမျောဘူးပုံစံရှိပြီး အဖုံးဖွင့် အချိုရည်ထည့်ရပါတယ်။ အချိုရည်နဲ့ အားသွင်းရတဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအားနည်းပြီး စွမ်းအင်ချွေတာတဲ့ ဖုန်းတစ်မျိုးဖြစ်ပါတယ်။ သာမန် Lithium ဘက်ထရီတွေထက်လည်း နှစ်ဆ၊ သုံးဆမက တာရှည်ခံတဲ့ ဘက်ထရီအမျိုးအစားဖြစ် တယ်လို့ သိရပါတယ်။

ယင်းကဲ့သို့ ကိုကာကိုလာ ထည့်သွင်းရတဲ့ဖုန်းကို တရုတ် Developer တစ်ဦးမှ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကတည်းက တီထွင်ခဲ့တာဖြစ်ပါတယ်။ eco-friendly ဖြစ်တဲ့ဖုန်းဆိုပေမဲ့ နည်းပညာအရလိုအပ်ချက်အချို့ကြောင့် Nokia မှ မထုတ်လုပ်နိုင်သေးတဲ့ ဖုန်းဖြစ်ပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger