မလေးရှားအစိုးရဟာ တရုတ်နိုင်ငံကို ငှက်သိုက်တင်ပို့မှု ပြန်လည်စတင်ဖို့အတွက် အကြို သဘောတူညီမှုဆိုင်ရာ
မူကြမ်းမှာ လက်မှတ်ရေးထိုးမှာ ဖြစ်တယ်လို့ သိရပါတယ်။ မလေးရှားမှ တရုတ်နိုင်ငံသို့ ငှက်သိုက်တင်ပို့မှုကို ဘေးကင်းလုံခြုံမှုအတွက် ပြီးခဲ့တဲ့ တစ်နှစ်ကစတင်ပြီး ရပ်ဆိုင်းခဲ့တာဖြစ်ပြီး နှစ်ဖက်နိုင်ငံဟာ ငှက်သိုက်တင်ပို့မှု ပြန်လည်စတင်ဖို့အတွက် အခြေအနေ ၃ရပ်ကို ညှိနှိုင်းသဘောတူညီမှု ရရှိပြီးတာနဲ့ အဲ့ဒီအကြိုသဘောတူညီမှု စာချုပ်မှာ လက်မှတ် ရေးထိုးသွားမှာ ဖြစ်တယ်လို့ စိုက်ပျိုးရေးနဲ့ စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းဆိုင်ရာဝန်ကြီး Noh Omor က ပြောကြားခဲ့ပါတယ်။
မလေးရှား ငှက်သိုက်တင်ပို့တဲ့ ကုမ္ပဏီတွေက ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိမွေးကုဌာနတို့မှ ထောက်ခံချက်ရယူဖို့ လိုအပ်ပြီး ငှက်သိုက်စစ်မစစ်နဲ့ စားသုံးရာမှာ အန္တရာယ်ကင်းကြောင်း စစ်ဆေးပြီးတဲ့ Multimedia Commission ရဲ့ သက်သေခံကတ်ပြားလည်း လိုအပ်မှာ ဖြစ်ပါတယ်။ ငှက်သိုက်ဟာ ရိုးရာတရုတ် ဟင်းလျာတစ်မျိုးဖြစ်ပြီး ရာစုနှစ်ပေါင်းများစွာ ကတည်းက တရုတ်လူမျိုးတွေ ခုံခုံမင်မင်စားသုံး လာခဲ့ကြတာဖြစ်ပါတယ်။
ကမ္ဘာ့ငှက်သိုက် အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှ ငှက်သိုက်တွေမှာ ပြီးခဲ့တဲ့ ဇွန်လိုင်လက နိုက်ထရိတ်ဓာတ် လွန်ကဲစွာပါဝင်နေတာကို တွေ့ရှိပြီးနောက်ပိုင်း ငှက်သိုက်တင်သွင်းမှုကို တရုတ်နိုင်ငံက တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ မလေးရှား ငှက်သိုက် တင်သွင်းမှုအပေါ် ပိတ်ပင်ခဲ့မှုကြောင့် ငှက်သိုက်ဈေးကွက် တဟုန်ထိုး ကျဆင်းသွားခဲ့ရတဲ့အတွက် မလေးရှား ကုန်သည်တချို့ ဘဏ်ချေးငွေ အတိုးနှုန်း ပေးဆပ်ဖို့တောင် အခက်အခဲဖြစ် ခဲ့ရတယ်လို့ သိရပါတယ်။
Reference : Xinhua.com
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။