သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့ဝင် ဝန်ကြီးနေရာ အပြောင်းအလဲ လုပ်ဖို့ စဉ်းစားနေ

Friday, April 20, 20120 မှတ်ချက်များ

သမ္မတ ဦးသိန်းစိန်ဟာ အစိုးရ အဖွဲ့ဝင် ဝန်ကြီးနေရာ အပြောင်းအလဲ လုပ်ဖို့ စဉ်းစားနေတယ်လို့ မြန်မာအစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကို ကိုးကားပြီး Financial Times သတင်းစာက ဖော်ပြလိုက်ပါတယ်။

အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျှော့ပေါ့ သွားရေး အတွက် ရည်ရွယ်ပြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေထဲက
သဘောထား တင်းမာသူလို့ ယူဆရသူတွေကိုဝန်ကြီးနေရာ ပြောင်းရွှေ့တာ၊
လုပ်ပိုင်ခွင့်တွေ လျှော့ချပစ်တာတွေ စီစဉ်ဖို့ သမ္မတ ဦးသိန်းစိန် အနေနဲ့ စဉ်းစားနေတာလို့ ဆိုထားပါတယ်။

တချိန်တည်းမှာ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းလိုက်တာမျိုး မဟုတ်ဘဲ ရပ်ဆိုင်းထားမယ်
ဆိုတဲ့ တုန့်ပြန်ချက်ဟာ သဘောထား တင်းမာသူတွေကို အားကြီးစေပြီး
မြန်မာနိုင်ငံက အပြောင်းအလဲတွေကို ထိခိုက် စေနိုင်တယ်လို့လည်း အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကို ကိုးကားပြီး ရေးသားထားပါတယ်။

အစိုးရအဖွဲ့ထဲမှာ သဘောထား တင်းမာသူတွေ အဖြစ် သတ်မှတ် ခံထားရသူတွေကတော့ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဦးအောင်သောင်း၊ ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းတို့ ဖြစ်တယ်လို့ ပြောထားပါတယ်။
RFA

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger