လက်ဆေး ဂျယ်လီကို သုံးစွဲပြီး ကလေးများ မူးယစ်ရန် ကြံစည်

Thursday, April 26, 20120 မှတ်ချက်များ

လွန်ခဲ့သည့် နှစ်လအတွင်း အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျယ်လိ မြို့ရှိ ဆယ်ကျော်သက် ကလေးငယ် ၆ ဦးမှာ ဆေးရုံ တင်ခဲ့ရကာ

မူးယစ်လိုသည့် ရည်ရွယ်ချက်ဖြင့် ပိုးသတ်ဆေး ပါဝင်သော လက်ဆေး ဂျယ်လီကို သောက်သုံးပြီးနောက် ယခုလို ဖြစ်ပွားခဲ့ရခြင်းလည်း ဖြစ်သည်။ ယင်းဆယ်ကျော်သက် ကလေးငယ်များမှာ အဆိုပါ ဂျယ်လီ အရည်မှ အယ်လ်ကိုဟော ဆားကို အသုံးပြုပြီး ခွဲထုတ်ကာ သောက်သုံးသည့် လုပ်ရပ်များလည်း ပါဝင်သည်ဟု သိရသည်။

ဆရာဝန်များ၏ အပြောအရ ယင်းသို့သော လုပ်ရပ်များမှာ မူးယစ်စေနိုင်သည့် လုပ်ဆောင်မှု လမ်းကြောင်းသစ် တစ်မျိုးသဖွယ် ဖြစ်စေနိုင်ကြောင်းနှင့် လက်သန့်စင်သည့် ဂျယ်လီမှာ အလွန်ပင် အန္တရာယ်ကြီးကြောင်း ပြောသည်။ အဆိုပါ လက်သန့်ဆေးရေမှာ ethyl alcohol ၆၄ ရာနှုန်း ပါဝင်ပြီး ယင်းပမာဏမှာ အရက် ရာနှုန်း ၁၂၀ နှင့်လည်း ညီမျှကြောင်း သိရသည်။ မူးယစ်စေသည့် ခံစားမှုမျိုး ရရှိစေရန်အတွက် ကလေးငယ်များမှာ အခြားသော ထုတ်ကုန်များကို သုံးစွဲခဲ့ဖူးသော်လည်း ယခုလို ဆေးရုံတင်ရသည် အထိ မဖြစ်ခဲ့ကြောင်း လော့စ်အိန်ဂျယ်လိ မြို့မှ ဆရာဝန်များမှ ပြောကြားခဲ့သည်။

source : Los Angeles Times

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger