တစ်လလျှင် ၀င်ငွေ ကျပ် တစ်သိန်းနှစ်သောင်းကျော် ရရှိသူတိုင်း ၀င်ငွေခွန်ပေးဆောင်ရမည်
Thursday, April 26, 20120 မှတ်ချက်များ
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ ထုတ်ပြန် ခဲ့သည့် ၀င်ငွေခွန် ဥပဒေ အရ တစ်လလျှင် ပျမ်းမျှ ၀င်ငွေ ကျပ်တစ်သိန်းနှစ်သောင်းကျော် လွန်ပြီး ၀င်ငွေ တစ်နှစ် လစာ စုစုပေါင်း ကျပ် ၁၄၄၀၀၀၀ (တစ်ဆယ့်လေးသိန်းလေးသောင်း) ရရှိသူ တိုင်း အခွ န်ပေးဆောင် ရမည်ဖြစ်သည်။ အကြမ်းဖျင်း တွက်ချက်မှု အရ တစ်လ လစာ ၏ ၁.၄၄ ရာခိုင်နှုန်း ကို ၀င်ငွေခွန် အဖြစ် ပေးဆောင်ရ မည်ဖြစ်ကြောင်း ယနေ့ နေလည်က ရန်ကုန်မြို့ UMFCCI တွင် ကျင်းပ ခဲ့သည့် အခွန် ဆိုင်ရာဆွေးနွေးပွဲ တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ တာဝန် ရှိသူများက ပြောကြား လိုက်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ၀င်ငွေခွန်များနှင့် ကုန်သွယ် လုပ်ငန်းခွန် များကို ယနေ့ ခေတ် ကာလနှင့် လျော်ညီစွာ လျှော့ပေါ့ေ ကာက်ခံမည့် အခွန်နှုန်းထား သစ်များ ကို ရှင်းလင်း ထုတ်ပြန်ခဲ့သည် ဟု သိရသည်။
Labels:
ပြည်တွင်းသတင်း
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။