( ပိုဒ်၂၅၄ )။ မောဟပိတ်ဆို့၊ ပညာချို့သည့်၊ လူတို့ ဥစ္စာ၊ များတုံပါလည်း၊
မဟာသမုဒ်၊ ရေအစုတ်သို့၊ သောက်ထုတ် သုံး ချိုး၊ ဘယ်သူမျိုးမျှ၊ အကျိုးမရ၊
ပဏ္ဍိတတို့၊ ဓနမူကား၊ နည်းငြားပစေ၊ တွင်းထွက်ရေသို့၊ ဗိုလ်ခြေအားလုံး၊
သောက်သုံးချမ်းသာ၊ ပြီးတတ်စွာရှင့်၊
သဒ္ဓါမရှေး၊ မပေးမလှူ၊ မုန်းဆေးဟူ၏၊ ပေးလှူတတ်သော်၊ ချစ်ဆေးကျော်တည့်၊
လူ့ဘော်ဌာန၊ဤလောကနှိုက်၊ စိတ်ကကြည်စွာ၊ စေတနာနှင့်၊ သဒ္ဓါဝမ်းတွင်း၊
ပေးကမ်းခြင်းကား၊ ရခြင်းထက်သာ၊ ဝမ်းမြောက်စွာသည်၊ မင်္ဂလာလွန်မြတ်၊
ဖြစ်သတတ်ရှင့်။
မဃဒေဝလင်္ကာ
နေပူပူမှာရေလှုမယ့်သူစောင့်နေတယ်.....
photos from:http://komoethee.blogspot.com/2012/04/blog-post_6752.html
နေပူပူမှာရေလှုမယ့်သူစောင့်နေတယ်.....
photos from:http://komoethee.blogspot.com/2012/04/blog-post_6752.html
သနားစရာကောင်းပါတယ်ဗျ.ရေမရတဲ့နေရာတွေကို.သူတို့တော်တော်စိတ်ဆင်းရဲရှာကြမယ်နော်.
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။