စင်ကာပူရောက် မြန်မာများ တရားဝင်ငွေလွှဲနိုင်ပြီ

Wednesday, April 25, 20120 မှတ်ချက်များ

ရန်ကုန်၊ ဧပြီ - ၂၃
စင်ကာပူနိုင်ငံရှိ မြန်မာအလုပ်သမားများ ဧပြီ ၂၃ရက်မှစတင်၍ နိုင်ငံအတွင်းသို့ တရားဝင်ငွေလွှဲနိုင်ပြီဖြစ်သည်။

ငွေလွှဲရာတွင် ပြည်ပရောက် အလုပ်သမားများသာဆောင်ရွက် နိုင်မည်ဖြစ်သဖြင့် တစ်ရက်လျှင် စင်ကာပူနိုင်ငံသုံးငွေ ၃၀၀၀ သာလွှဲပို့နိုင်သည်။ ငွေလွှဲဝန်ဆောင်ခမှာလည်း တစ်ကြိမ်လျှင် ပမာဏမည်မျှပင်ဖြစ်စေ အမေရိကန်ဒေါ်လာဖြင့်တွက်ပါက လေးဒေါ်လာ နီးပါးပေးဆောင်ရမည်၊ ပြည်တွင်းမှ ငွေလွှဲဝန်ဆောင်မှုကို ရန်ကုန်မြို့မှအပ အခြားသောမြို့များသို့ ပေးပို့ရမည်ဆိုပါက ပြည်တွင်းငွေလွှဲနှုန်းအတိုင်းဝန်ဆောင်စရိတ်ယူမည်ဟု သမ၀ါယမဘဏ် (CB) ဘဏ်လီမိတက်မှမန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က ဆိုသည်။

“စီးပွားရေးလုပ်ငန်းကြီးတွေ၊ နှစ်နိုင်ငံကုန်သွယ်ရေးလုပ် ငန်းကြီးတွေကတော့ ဆွစ်ဖ် SWIFT စနစ်ပြီးမှ လုပ်လို့ရမယ်”ဟုဦးဖေမြင့်ကရှင်းပြသည်။
စင်ကာပူနိုင်ငံမှ ငွေလွှဲလုပ်ငန်းကို All Best Exchange Co.,Ltd ပုဂ္ဂလိကငွေလွှဲဝန်ဆောင်မှုလုပ်ငန်းနှင့် ပြည်တွင်းရှိ သမ၀ါယမဘဏ်တို့က ချိတ်ဆက် ၍ စတင်ဆောင်ရွက်လျက်ရှိ သည်။ ထို့အပြင် ဧပြီလကုန်ပိုင်းတွင် မလေးရှားနိုင်ငံမှလည်း နိုင်ငံခြားငွေလွှဲလုပ်ငန်းကို လုပ်ကိုင်ရန် စီစဉ်ထားကြောင်း သမ၀ါယမ ဘဏ်မှစုံစမ်း သိရသည်။

“လောလောဆယ်တော့လုပ်ဖို့ အစီအစဉ်မရှိသေးဘူး”ဟု AGD အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက နိုင် ငံခြားငွေလဲဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက် 7Day News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။ နိုင်ငံတော်က ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၁ ခုကို ၂၀၁၁ နိုဝင်ဘာ ၂၅ ရက်မှစတင်၍ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ချပေးခဲ့သည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger