သြဇီမှဒုတိယထူးထူးဟန်

Sunday, April 15, 20120 မှတ်ချက်များ

ကွင်းစလန်ပြည်နယ် Brisbane မြို့တော် သူ့နေအိမ်မှာ တွေ့ရတဲ့ Moon Hsar (Photo: Dave Hunt)

လူတယောက် နာမည်ကြီးလာပြီ ဆိုရင် နောက်ကနေ လိုက်တုပသူတွေ ပေါ်လာစမြဲလို့ ဆိုရမလား။

သြစီရောက် ဒုက္ခသည် နောက်တယောက်က သူလည်း အယောက် ၅၀ လောက် သတ်ခဲ့ပါတယ် တဲ့။
မနေ့တုန်းက AAP သတင်းဌာနမှာ အဲဒီလို ရေးထားတာပါ။
သူ့နာမည်က Moon Hsar ဖြစ်တယ်၊ ကရင်တိုင်းရင်းသားလို့ ဆိုပါတယ်။


မြန်မာ့တပ်မတော်အတွက် တာဝန်တွေ လျှို့ဝှက် ထမ်းဆောင်ခဲ့တဲ့ ၁၉၈၄- ၁၉၈၇ ၃ နှစ်တာ ကာလအတွင်း သတ်ခဲ့တာလို့ ဆိုပါတယ်။

လူသတ်တဲ့အလုပ်အပြင် အစိုးရကို သတင်းပေးတဲ့ အလုပ်လည်း ပါတယ်တဲ့။

"ကျနော် အပြစ်ရှိပါတယ်၊ အရမ်း အပြစ်ရှိပါတယ်၊ ကျနော့်လူမျိုးတွေကို သတ်ဖို့ သူတို့ ကျနော့်ကို ဓားတလက်လို အသုံးချခဲ့တာပါပဲ" ဆိုတဲ့ သူ့ပြောကြားချက်တွေကို သတင်းမှာ ဖော်ပြထားပါတယ်။

Moon Hsar က ကလေး ၅ ယောက် အဖေပါ။ သြစီရောက်နေတာ ၅ နှစ်ရှိပြီ၊ နိုင်ငံသားလည်း ဖြစ်နေပြီ တဲ့။

သြစီမှာ သူ့လိုလူတွေ ရှိကောင်း ရှိပါလိမ့်မယ်လို့လည်း ဆိုပါတယ်။

ဧရာဝတီမှကူးယူဖေါ်ပြသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger