စစစ ကို ဖြုတ်နိုင်သည်

Sunday, April 29, 20120 မှတ်ချက်များ

''စစစ ကို ဖြုတ်နိုင်သည်''
မြန်မာနိုင်ငံတွင် နာမည်ကျော် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ပာု
လူသိများသော စစစ (စသုံးလုံး) ကို ဖျက်သိမ်းပစ်နိုင်ပြီး ဌာန၀န်ထမ်းအချို
့ကို ဌာနရောပစ်လိုက်နိုင်ကြောင်း မှုခင်းတပ်ဖွဲ့ (CID)နှင့်
နီးစပ်သူအချို့
ကပြောကြားသည်။
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက အစစ်အဆေးကြမ်းတမ်းသဖြင့်
မြေကွက်မှုတစ်ခုမှ တရားလို မနန်းဝိုးဖန်သည် ဆိပ်ကမ်းသာလမ်း စစစ
ရုံးချုပ်ငါးထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့မှုသည်
လတ်တလောကိစ္စဖြစ်ခဲ့ပြီး ယခင်အမှုများလည်း စစစတွင်
ပြစ်ချက်ရှိခဲ့ကြောင်းလဲ ပြောဆိုကြသည်။စစစ သည် ယင်းကိစ္စအတွင် မည်သို့ မျှ
မပြန်ကြားခဲ့ပေ။ ထို့ အပြင် လွှတ်တော်အမတ်များကလဲ ယင်းကိစ္စအတွက်
လွှတ်တော်တွင် ဆွေးနွေးရန် တင်ပြရန်ရှိသည်။ စစစ သည် ဖဆပလ မတိုင်ခင်ကထဲက
အိုင်စီအက်စ် ၀န်ထမ်းများ ပါဝင်ခဲ့ပြီး မဆလ လက်ထက်တွင် စီးပွားရေးနှင့်
စပ်ဆိုင်သော ကိစ္စများကိုသာ ထောက်လှမ်းသော ဌာနဖြစ်သည်။
မဆလ၏စီးပွားရေးစနစ်ကိုကာကွယ်ရန်
ပာု သိရပြီး မကြာခင်မှာပင်
မှောင်ခိုမှုကိုဖမ်းပြီး အထူးအဂတိများသောဌာနပာု ကြော်ကြားခဲ့သည်။
ယင်းဌာနတွင် အမှုထမ်းမရှိဘဲ အရာထမ်းချည်းသာဖြစ်သည်။ CID(မှုခင်းတပ်ဖွဲ
့)ကိုလဲ အမြဲဆရာလုပ်လေ့ရှိပြီး သာမာန်ရဲများကို
နှိမ့်ချပြောဆိုတတ်သူများပာုလဲ ကြော်ကြားသည်။ ၄င်းတို့ သည်အချီကြီးပာု
ခေါ်နိုင်သော သိန်းပေါင်းရာထောင်ချီ၍ လာဘ်စားခဲ့ကြသည်။ စစစသည် လတ်တလော
အခြေအနေကို ရင်ဆိုင်ရန် ခက်ခဲပြီး ဌာနလဲ အဖြုတ်ခံရနိုင်ကြောင်းနှင့်
လူများလဲ တာဝန်မှရပ်စဲခံရနိုင်ကြောင်း သိရသည်။(ကျော်ဆွေဝင်း)
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger